Professional Authors

မောဟ

လွင့်မျောခဲ့တဲ့ ရာစုများစွာ နောက်လှည့်ကြည့်လိုက်မိ

ငါဟာ ငါ ……

ဘယ်သူမှ ငါ ဖြစ်မလာဘူး

ဖောက်ပြန်ပျက်စီးတတ်တဲ့ ဟောဒီခနာကို

အမှုန်တခုအဖြစ် မြင်ကြည့်လိုက်တော့

အိမ်ပြန်ချင်စိတ်တောင် ခပ်ဖွဖွပဲ ကျန်တော့တယ်…..။

 

လောကဓံရှစ်ပါးနဲ့ ယဉ်ပါးခဲ့တဲ့ စိတ်ဟာ

သံသရာအကျိုးအပြစ်ကိုတောင်

မတွေးတတ် တွေးတတ်နဲ့

လျှောက်ခဲ့တဲ့လမ်းမှာ ခလုတ်တိုက်ပစ်ခဲ့တာ

တော်တော်များခဲ့သလား…..။

 

နားခိုရာ ကွင်းပြင်ကျယ်မှာလည်း

အလင်းပွင့်လေးတခုစာတောင် နေရာမလပ်

လောဘတွေက ပြွတ်သိပ်ကျပ်လို့…..။

 

လျှော့…..တန်ဖိုးကိုလျှော့

လျှော့….အလင်းနဲ့အမှောင်ကိုလျှော့

ကောင်းကင်ကကြယ်တွေတောင်

တနေ့တော့ ကြွေရသေးတာပဲ…..

ရပ်တည်နေတဲ့ ကမ္ဘာမြေကြီးတောင်

တနေ့တော့ ငလျှင်တော်လဲသံတွေ ဆူညံသေးတာပဲ….

ငါလည်း တနေ့နေ့တော့ အ၀ါရောင်ကို ရှာတွေ့မှာပါ….။

In: ကဗျာ Posted By: Date: Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment