ချစ်လွန်းသူ
ကြင်ရေးငယ် ငင်
ခင်လေးရယ် အချောလှပေမို့
အစဉ်တွေးတယ် မနောလှ
သဘောကျ ကြည်ဖြူ…။
ပြောရသူ ဒီမောင်ပိုရော့ထင်
ဆိုတော့ချင် ဒီအကြောင်းရယ်ကြောင့်
ပလီနှောင်း အခုနော်
ရှုမျှော်ကာ ထောက်ကာငဲ့
နောက်မှာကွယ့် စိတ်မချတယ်…။
သိပ်လှတယ် မောင့်ချစ်လေးကိုလ
ပိုက်ထွေးလို့ ထားချင်
သူများမြင် ကဲလွန်းပ
ဆဲစမ်းဟ ဂရုမစိုက်ပေါင်
အခုရိုက်တောင် မောင်မလွှတ်တယ်
ချစ်လှတယ်လေး……………..။
( Dr Who )
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service