Professional Authors

“ မျှော်တော်ယောင်ပတ်ပျိုး (၃) ”

နွေရာသီက မီးပြင်းတိုက်ထားတဲ့
တိမ်တွေကို ခေါင်းမှီခြုံပြီး
ညနေခင်းနောက်မှာ ကိုယ်ယောင်ဖျောက်နေတယ်

သတိရခြင်းဟာ
အဝေးကို ပြေးထွက်သွားတဲ့ မြှားကို
လေးညှို့က မပိုင်ဆိုင်နိုင်တော့သလိုမျိုးအကြည့်နဲ့
ပလပ်ဖောင်းဖြူနီကြားပေါ်မှာ ခြေဆင်းထိုင်လို့
နံရံပေါ်ကမြေပုံအညွှန်းစကေးအရ
တောင်အရပ်ကို ငေးနေတာ ကြာနေပြီ

အမေ့ဆီက တဆင့်တောင်းပေးထားတဲ့
ကသစ်ပင်ပေါ်က အလင်းပန်းတွေ
အိပ်မက်ဦးမှာ လွတ်ကျကွဲရှသွားပြီ ထင်ပါရဲ့ … ညီမလေးရယ်
ငါ့ဆီမှာတော့ မင်းဆီကတိတ်တိတ်လေးယူထားလိုက်တဲ
အိပ်ရေးပျက်နေတဲ့ စိတ္တဇနေ့လေးတွေကိုပြုစုပျိုးထောင်ရင်း
သူတို့တောင် အတော်လူလားမြောက်နေပေါ့ … ။

ဒင်္ဂါးဝိုင်းလေးကတော့
ခြသေ့င်္သံမထွက်တာ တော်တော်ကြာနေပါပြီ … ။

ငါသိပ်ကြောက်တဲ့ မင်းလက်ဖဝါးလေးကတော့
ုအိပ်မက်မဟုတ်တဲ့ လမ်းစစ်စစ်ပေါ်က
ချစ်ခြင်းရဲ့ ဒုတိယမြှောက်ရဲတိုက်မှာ
တစ်စုံတစ်ယောက်ရဲ့ ဆံပင်တွေကို ဖွပေးရင်း
ကြွေကျသွားတဲ့ ထလက်နေ(ထန်းလက်နေ)တစ်စင်းကို မေ့နေမှာပါ

ငါ့ကျေနပ်မှုတွေ ငါပြန်လက်ခံရရှိကြောင်း
ုငါ့ရဲ့အိပ်မက်ဂူအပိုဒ်ခွဲမှာ ရေလိုက်လွဲရင်း
ပုဒ်မ မချဖြစ်ခဲ့တဲ့ ပုရပိုက်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ် …

့ငါ လွမ်း နေ တုန်း ဆို တာ ဝန် ခံ ပါ တယ်
ဒါပေမဲ့ အောက်ဆီဂျင်မပါတဲ့ အလွမ်း ပါ … ညီမလေး
မင်းရင်ဘတ်ထဲကို အနက်ရှိုင်းဆုံး ခေါင်းစိုက်ချမှ
မြင်ရတဲ့ လောင်ကျွမ်းခြင်းမှာ
ငါ့အလွမ်းဟာ အမှန်ခြစ်မပါတဲ့ စက္ကူလွတ်တစ်ရွက်သာဖြစ်တယ် … ။

တကယ်တော့ အလွမ်းဆိုတာ
ချစ်ခြင်းလက်ဝဲအရပ်က လမ်းခွဲထွက်လာတဲ့
ရေစီးကြမ်းတဲ့ မြစ်တစ်စင်းပါဘဲ …
သက္ကရာဇ်ာတွေဘယ်လောက်သည်းသည်း
လူကြိုက်နည်းနေဆဲ မြစ်ပေါ့ …

တချို့က မတော်တဆ
တချို့က အားမတန်မာန်လျော့
တချို့က မြစ်ပစ်လို့ ချောင်းကိုရှာ
တချို့က တစ်နေရာရာဆီသို့ ဖြတ်လမ်းထင်
လမ်းညွှန်ဆိုင်းဘုတ်ကို မမြင်ကြဘူး …
အဲ့လိုနဲ့ဘဲ တချို့ပေါင်းအတော်များများဟာ
ရေကြောင်းပြ သင်္ကေတတွေမရှိသော
အလွမ်းတွေစီးတဲ့ မြစ်မှာကမ်းတက်ခွင့်ရှာကြပြန်တယ် …

တကူးတက အမှတ်ထင်ထင်ကြည့်မိရင်တော့
အဲ့ဒီလမ်းညွှန်ဆိုင်းဘုတ်အောက်ခြေက
၂၈/၁၁ ဆိုတဲ့ လမ်းခွဲခြင်းနံပါတ်ကို
တချို့ထဲက တချို့တို့တွေ့သွားပါလိမ့်မယ် …

ငါ့ရဲ့ … ကောင်းကင်နိုင်ငံအလွန် ၄၅ ဒီဂရီမှ
မွန်းလွဲ ၃ နာရီအဝေးကို ထွက်ပြေးသွားသူ …. ကြယ်မလေးရေ

အိပ်မက်မြူဦးထုပ်လေးနဲ့
လက်မလေးစုတ်အိပ်နေတဲ့
ကလေးလေးတွေတွေ့မိရင်
လက်သည်းတွေကိုက်နေတတ်တဲ့ ငါ့ကို
လက်ညှိုးလေးထောင်ပြီး ဆူတတ်တဲ့
ကောင်မလေး(မင်း) ကိုလွမ်းမိတယ်

အဲ့ဒီပေကပ်ကပ်အကျင့်ကတော့
အချိန်ဇယားအမှတ် – နှစ် – သုည – တစ် – သုံး – အရ
ငါ့အတောင်ပံတွေ အကျဉ်းချခံရတဲ့
ဂုဏ်ပကာသနမပါသော
သိက္ခာတရားရဲ့ ပုဒ်မအသစ်ဖြစ်မယ်ထင်ပါတယ် …

မင်းကို ရည်ရွယ်ပြီး
နေထွက်ချိန်တွေဖျော်စပ်ထားတဲ့
ကမ္ဘာဦးရဲ့ဆေးတခွက်နဲ့
ဒဏ်ရာကို လက်ကြားမှာဝှက်ပြီး
နေဝင်ချိန်တွေကျိုချက်ထားတဲ့
ငါ့အနက်ရောင် သွေးတစက်ကို
ကိုယ်ပိုင်ညမနက်တွေထဲသွန်ချရောယှက်ရင်းက
ယုတ္တိမတန်တဲ့ ခံစားချက်အသစ်တစ်ခု
ငါရင်ဘတ်ထဲ ထိုးစိုက်ကျလာခဲ့တယ်

ငါ့ရဲ့ ကျမ်းစာအုပ်ဝါဒဟာ
နတ်ဘုရားတွေရဲ့ အိပ်ခန်းတံခါးကို
အသံတိတ်တိုက်စားကြတယ်

အကြောင်းပြချက်သာပါလာပြီး
အဓိပ္ပာယ်ဖွင့်ဆိုချက်ပါမလာတဲ့
နာမ်အသစ်တစ်ခုကို
ဒီကမ္ဘာလောက ကလက်ခံဖို့အတွက်
သဘာဝတရားဟာ
ငါ့ချစ်ခြင်းတရားရဲ့တောအုပ်မှ
မျှော်လင့်ခြင်းကို ဆွဲနှုတ်သွားခဲ့တယ်

အပေးအယူနိယာမဆိုတာ ပြဒါးလိုပါဘဲ …
ငါ့တောတန်းလေးကတော့ သံ ဖြစ်တယ် …
ဒါကြောင့် …
သူတစ်လမ်း ကိုယ်တစ်လမ်းဟာ
ခြေလှမ်းတွေ မီးပွင့်မတတ်လှမ်းရင်း နှစ်ခြမ်းခွဲထွက်သွားတယ်

ပိုင်ဆိုင်ခြင်း နဲ့ ရယူခြင်း ဆိုတာ
ငါ့ရဲ့ သံမဏိတောတန်းလေးထဲက
မျိုးတုန်းပျောက်သွားတဲ့ သတ္တဝါနှစ်မျိုးပေါ့ …

လိုချင်စိတ် နဲ့ တပ်မက်မှု ဆိုတာကတော့
ရုတ်တရက် သံဓာတ်မြင့်တတ်လာတဲ့
ဒေသမှာမှ မြေမှားပွင့်တဲ့ ပြဒါးပင်တွေပါဘဲ … ညီမလေးရယ်

မင်းအကြည့်တွေရဲ့ လျှောက်လမ်းကို
ငါ့တောတန်းလေးနဲ့ ပက်ဖြန်းပေးလိုက်တယ် …
ဝင်ရိုးစွန်းတူတဲ့ သံလိုက်ဂုဏ်သတ္တိဟာ
မျက်လုံးနဲ့ မျက်ရည်ကြားက
သံတမန်ဆက်ဆံရေးဂေဟစနစ်ကိုရိုက်ချိုးရင်း
ငိုကြွေးခြင်းဟာ ခံစားချက်ဆီက
ထာဝရနှုတ်ထွက်သွားခဲ့ပြီ …

ညီမလေး …
ပူလောင်မွန်းကြပ်ခြင်းကင်းတဲ့
အပြာနုရောင်တို့ရဲ့နယ်မြေမှာ ရှင်သန်ပါ …

ငါ့လို အိပ်မက်ကင်ဆာနဲ့
ပန်းချီကားထဲကလူကို ပေါ့ပါးစွာမေ့ပါ …

ဒီတစ်ခါမိုးတွေ ရွာရင်
မိုးရေမထိပါနဲ့ သစ္စာတရားကို ဆောင်းပါ …

ရေးလက်စ ကဗျာစာရွက်လေးတွေကတော့
၁၂ နှစ်ကြိုးမပြည့်တော့တဲ့ တူရိယာလေးပေါ်မှာ
အထီးကျန်ခြင်းကို ကိုယ်စားပြုနေသလိုလို တပိုင်းပိုင်းတစစ …

ခရီးမထွက်ရတော့တဲ့ ခြေကျင်းလေးက
မှတ်ပုံတင်ဝင်ဖို့ ပိုင်ရှင်နာမည်မှာ
ကွက်လပ်လေးချန်ထားဆဲဘဲ …

ငါ့ကိုယ်ရေးရာဇဝင်ထဲက
မှင်နီနဲ့ ရေးထားတဲ့ မင်းအကြောင်းတွေဟာ
ငါ့အိပ်ယာမျက်နှာကျက်က
နာကျည်းမှုမပါတဲ့ ညဦးပိုင်းရုပ်ရှင်တွေပေါ့ …
Sense နံပါတ် ၅၂၈ မှာ လမ်းဆုံးသွားတာကတော့
ငါ့ ကို လက် နက် မဲ့ သတ် သွား သ လို ပါ ဘဲ …

ငါ့ရဲ့ နေတကိုင်း လတကိုင်းနဲ့
ဘယ်တော့မှမဆုံးတဲ့ စာမူတစ်ပိုင်းကိုဆက်ရေးဖို့
မင်းလမ်းလျှောက်ဖူးတဲ့ ငါ့တောတန်းလေးကို
ရိုက်ဖြတ်ပြီး စာရွက်အဖြစ်သုံးလိုက်တယ်
အဲ့ ဒီ တ စ် ခုေ တာ့ ငါ့ ကို ခွ င့် လွှ တ် ပါ … ကောင် .. မ .. လေး ။ ။

ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၄၈ ရက်အကြာ … ( နံနက် ၆း ၁၈ )

In: ကဗျာ Posted By: Date: Jun 15, 2013
Comment #1

သတိရခြင်းဟာ
အဝေးကို ပြေးထွက်သွားတဲ့ မြှားကို
လေးညှို့က မပိုင်ဆိုင်နိုင်တော့သလိုမျိုးအကြည့်နဲ့
ပလပ်ဖောင်းဖြူနီကြားပေါ်မှာ ခြေဆင်းထိုင်လို့
နံရံပေါ်ကမြေပုံအညွှန်းစကေးအရ
တောင်အရပ်ကို ငေးနေတာ ကြာနေပြီ

commentinfo By: မာန်​ခက်​ဝင့်​ at Jun 15, 2013
Comment #2

ကြိုက်တယ်ဗျာ…

commentinfo By: zawthetoo at Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment