“ ရေကူးကန် ”
ရေနက်ပိုင်းမှာတော့လူတွေက
ကန်ဘောင်ဘက်မှာ များပြီး
ရေတိမ်ပိုင်းမှာတော့လူတွေက
ရေလယ်ခေါင်မှာ များတယ်
ငါ့အဖြစ်ကလည်း အဲ့လိုဘဲ
နင်က ငါကျွမ်းကျင်တဲ့အချစ်ဘက်မှာကြ
ဘောင်ကပ်နေပြီး
ငါမကျွမ်းကျင်တဲ့ အလွမ်းဘက်မှာကြ
အလယ်ခေါင်တက်ပြီး မတ်တပ်ရပ်နေတော့
ငါ့ကျွမ်းကျင်မှုကိုဘဲ ဘက် change ပေးလိုက်ပါတယ်
ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၈၆ ရက်အကြာ …
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service