(ကြား)ဘူတာ
ကြေငြာမူ့ မရှိဘဲနဲ့ 
ငါ့ ရင်ခွင်ကို မင်းခြေစုံကန်သွားတယ်
တမ်းတမှု့ ၊ လွမ်းဆွတ်မှု့  တွေဗလောင်ဆူနေတဲ့ 
ရင်ခွင်တစုံနဲ့  ငါနေခဲ့ ရတယ်…။
ငါမဖြစ်ချင်တဲ့ ၊ ငါမလျှောက်ချင်တဲ့ 
လမ်းခွဲကိုမှ မင်းကလျှောက်မတဲ့ လား…….။
လုပ်ကွာ!
လက်ဗလာနဲ့ ဘဲ ငါမိုးချုပ်ရမှာပေါ့ 
မနက်ဖြန်လား၊သန်ဘက်ခါလား…….
မရေရာအလွမ်းနဲ့ ပဲ ငါ မိုးလင်းရမှာပေါ့ ……။
လမ်းခွဲ ကနေမင်းဆက်လက်
မောင်းနှင်သွားလိုက်ပါ……
အလံချိုးဖို့  (ကြား) ဘူတာက
ဆက်ပြီးအသက်ရှု နေမယ်……..။
ပုထုဇ၁ု
mysuboo မှာတင်ခဲ့  ဖူးတဲ့ ကဗျာပါ။
ကိုယ်ပိုင်ပါ..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြေငြာမူ့ မရှိဘဲနဲ့ 
ငါ့ ရင်ခွင်ကို မင်းခြေစုံကန်သွားတယ်
တမ်းတမှု့ ၊ လွမ်းဆွတ်မှု့  တွေဗလောင်ဆူနေတဲ့ 
ရင်ခွင်တစုံနဲ့  ငါနေခဲ့ ရတယ်…။
ငါမဖြစ်ချင်တဲ့ ၊ ငါမလျှောက်ချင်တဲ့ 
လမ်းခွဲကိုမှ မင်းကလျှောက်မတဲ့ လား…….။
လုပ်ကွာ!
လက်ဗလာနဲ့ ဘဲ ငါမိုးချုပ်ရမှာပေါ့ 
မနက်ဖြန်လား၊သန်ဘက်ခါလား…….
မရေရာအလွမ်းနဲ့ ပဲ ငါ မိုးလင်းရမှာပေါ့ ……။
လမ်းခွဲ ကနေမင်းဆက်လက်
မောင်းနှင်သွားလိုက်ပါ……
အလံချိုးဖို့  (ကြား) ဘူတာက
ဆက်ပြီးအသက်ရှု နေမယ်……..။
{ ကိုယ်ချင်းစာပါတယ် .. ခံစားဖူးလို့ပါ }