အကြွေး
ယူတော့ပြုံး…တောင်းတော့မုန်း…
မတောင်းပါက…မသိခြင်ထောင်ထောင်…..
ဟဲ့….ချစ်သူ…(ခေါ်ချင်တာ..ကောင်မ)
ဒီနေ့ငါ သတိရတယ်။
နင်ငါ့ကို အနမ်းအခါ၁၀၀ ပြန်ဆပ်ရမယ့်နေ့ ၊
အဖြေပေးဖို့ အချိန်ဆွဲခဲ့တဲ့ နင်.
အတိုးရော…အရင်းပါဆို….
စိတ်ဒဏ်ရာ ပေးပြီး
ငါမှားလေခြင်းဆိုတဲ့ နောင်တလာယူလှည့်တော့
မကြောက်ပါနဲ့….ချစ်သူ
ဗိုလ်အောင်ဒင် ဓားထုတ်တာ…
ကိုယ့်ကိုကိုယ်သတ်သေမလို့ပါ…ဟဟ
နင်ပြန်လာမလား…ပြန်မလာဘူးလား
အေး….
ပြန်မလာရင်လည်းမလာနဲ့တော့….
နင်ယူသွားတဲ့ငါ့အကြွေးတွေ…သံသရာအထိ
ပါသွားပါစေ……
ငါနင့်ကိုမုန်းတယ်….
နင့်ကိုချစ်လို့………..
ငါနင့်ကိုမကြေဘူး
နောင်ဘ၀ကျမှ ကြောက်ပါပြီမလုပ်နဲ့….
အခုတော့….
ငါအကြွေးစာရင်းပေါင်းဖို့ နင့်ကိုလွမ်းလိုက်ဦးမယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service