နာ ကျင် မှု
တခုခုရေးဖို့စဉ်းစားတိုင်း အချစ်အကြောင်းမဟုတ်ဖို့ ကိုသာကျွန်တော်ရှေးရှု
တားထားတဲ့စည်းအတွက် စကားလုံးနဲ့မျှ
မကျူးကျော်လိုတဲ့စိတ်က လွမ်းဆွတ်တမ်းတခြင်းကို အကြိမ်ကြိမ်သတ်
သူဖုန်းစားတစ်ယောက်ထက်ဆိုးတဲ့ဘ၀နဲ့…..
ကြွေကျ တောက် ပ လာ နိုင် ဖွယ် မရှိ တဲ့
တနေ့ နေ့ တော့ … တွေ ကို .(ကျွန်တော်)..မတောင်းခံတော့ဘူး။
မနက်လင်းချိန်ကစ အမြင်လွှာပိတ် အသိစိတ်ကင်းမဲ့ချိန်ထိ
သတိရနေမိတဲ့အနာ
ဘယ်လိုနည်းနဲ့မှဖြေဖျောက် ဖို့  မစွမ်းသာခဲ့ဘူး။
အာရုံအပြောင်းအလွှဲတွေနဲ့မေ့နိုင်ရေးကို အားစိုက် လိုက်တိုင်း
ထိမ်းမနိုင်သိမ်းမရအဲဒီ ဥပေက္ခာ မျက်ဝန်း တွေ က အမြင်အာရုံမှာ
စိုးမိုး ထား
ဒဏ်ရာတွေ သာ ပဲ့တင် ထပ် နေ တဲ့ နှလုံးသား ကို (ကျွန်တော်)အပ်စိုက် လို့  မကုသ လိုတော့။
ဘယ်လိုလည်း….( ချစ်သူရယ်) …
ကျွန်တော်…. ခင်ဗျား မပါတဲ့ ဘ၀တခုကို ဆောက်တည်လို့ မရနိုင်တော့ဘူးလား???
သွားတော့…သွားပါတော့
သူမထံမှာ သာ ခင်ဗျား အချစ်တွေ နားခိုပါ
အနာဂတ်လည်းမလှသလို တခဏအတွက်လည်း မပျော်စေနိုင်ခဲ့ သော
(ကျွန်တော့်ကို)
ထား
ထားပြီး ..ဟိုးးးးးးးးးး အဝေး ဆုံး ထိ တိုင် ရွက်လွှင့် လိုက်ပါတော့
အဆုံးအစမရှိတဲ့ပင်လယ်ကြီးရဲ့ မျက်နှာပြင်ထဲ ခင်ဗျား ရောက်ရှိလို့ 
သွားခဲ့ ပြီ
ဆိုတဲ့
တနေ့မှာ
ကျွန်တော့်
တစ စီ နာ ကျင် ကြေ ကွဲ ရ ခြင်း တွေဟာ ချစ်ခြင်းရဲ့ သက်သေ
လေပြေညင်းအသွင်ကိုဆောင် ပြောင်းလဲ လို့  ခင်ဗျား အနား ..မှာ..တိုးဝှေ့ အေး မြ နိုင်ပါစေသား။
လှည့်ထွက်သွားတာခင်ဗျားလေး ပျော်စေဖို့  ပါ
စွန့်လွှတ်လိုက်တာခင်ဗျား အနေခက်မှာ စိုးလို့ ပါ
မေ့ပစ်လိုက်ခြင်းကိုတော့ ကျွန်တော် မပေးအပ်နိုင်ခဲ့ဘူး
(ခွှင့်မ လွှတ် လိုက် ပါ နဲ့)
တကယ်လို့ 
တကယ်လို့  များ
ခင်ဗျားရင်ဘတ် ရဲ့ ဆက်သွယ်မှု ဧရိယာပြင်ပ သို့ 
ကျွန်တော်ရောက်ရှိသွားခဲ့ ရင်
……………….
(ဒီလိုပါ အချစ်ရယ် )
ခင်ဗျားကိုလွမ်းတဲ့အလွမ်းတွေ သေနေစေဖို့  …
နှုတ်ခမ်းတွေတင်းတင်းစေ့
ရွှေရင်ခွင်တံခါးပိတ်လို့
(ကျွန်တော်)ကြိတ်မှိတ်ငိုနေချိန်ဆိုတာ …သိတယ်ဆိုရုံလေး ဖြစ်ဖြစ် သိပေးပါ။
ဒါဟာခင်ဗျားဆီက နောက်ဆုံး တောင်း ခံ ခဲ့ တဲ့
ကျွန်တော့်ရဲ့
လွမ်းဆွတ်တမ်းတခြင်းအတွက် အသိအမှတ်ပြု စာလွှာလေးပါ
ကျေးဇူးပြု၍
မ သိ ချင် ယောင် မ ဆောင် လိုက် ပါ နဲ့။
Comment #2
poem ka young thu wai thu a than tu lo pa lar… kaung pa dal.

Comment #3
ကျေးဇူးပြုပြီး…..

Comment #5
ဘယ်လိုလည်း….( ချစ်သူရယ်) …
ကျွန်တော်…. ခင်ဗျား မပါတဲ့ ဘ၀တခုကို ဆောက်တည်လို့ မရနိုင်တော့ဘူးလား???
ခဏခဏ စိတ်ထဲက မေးနေမိတဲ့ စာသားလေးပါပဲ
အရမ်းကြိုက်တယ် မိုးရယ်

Comment #6
အလွမ်း ..ဆိုတဲ့ခံစားချက်ကို.. ခံစားရမှာကြောက်နေတဲ့ငါအခုတော့ငါ….

Comment #7
ခင် ဗျားကိုလွမ်းတဲ့အလွမ်းတွေသေ နေ စေဖို့ နှုတ်ခမ်းတင်းတင်းစေ့ရွှေရင် တံခါးပိတ်လို့ကြိတ်မှိတ်ငိုနေချိန်ဆိုတာ…သိတယ်ဆိုရုံလေး
ဖြစ်ဖြစ်သိပေးပါ
ဒီအပိုဒ်ကိုကြိုက်တယ်

Comment #9
အစ်မတော်မိုးတို့ ရေးချက်ကတော့ ပြင်းထန်လှချည်လား
ကဗျာလေး ဖတ်သွားတယ် အစ်မတော်ရေ ~~
With respect,
RAY

Comment #10
ကျေးဇူးပြု၍
မ သိ ချင် ယောင် မ ဆောင် လိုက် ပါ နဲ့။

Comment #1
လေညှင်းလေးအဖြစ်……
တကယ်လို့ 
တကယ်လို့  များ
ခင်ဗျားရင်ဘတ် ရဲ့ ဆက်သွယ်မှု ဧရိယာပြင်ပ သို့ 
ကျွန်တော်ရောက်ရှိသွားခဲ့ ရင်…..
ကျွန်တော့်
တစ စီ နာ ကျင် ကြေ ကွဲ ရ ခြင်း တွေဟာ ချစ်ခြင်းရဲ့ သက်သေ
လေပြေညင်းအသွင်ကိုဆောင် ပြောင်းလဲ လို့  ခင်ဗျား အနား ..မှာ..တိုးဝှေ့ အေး မြ နိုင်ပါစေသား။
feel sad 🙁