အက် … သံ
– ကျုပ်ဟာ အသင် ကောင်းကင် တခြမ်းပဲ့ အား ဘ၀ တစ်ခုလုံး စုံနှစ် မြတ်နိုးလွန်ခဲ့သူ ဖြစ်တယ်
သို့သော်
ဘ၀တစ်ခုအတွက် အသက်နဲ့ထပ်ကာ ထုဆစ်ခဲ့သူ မြေကြီး ပမာ မာတာ အား
စိတ်နှင့်သော်မျှ တိုက်ခိုက် ရန် အခွင့် ပေးလိမ့်မည် မဟုတ်။
– သွား
အသင် သွားပါ
နှစ်သက်ခုံမင်ပျော်ပါးရာ အခြားကမ္ဘာ တဖက် ဆီသို့
ငဲ့ကွက်ညှာတာ ကင်း စွာ သွားလိုရာ သွား
အနှောင့်အယှက် သဘော သက်ရောက်မှာ အထူးစိုးထိတ်
တားဆီးပိတ်ပင်လိုစိတ်များမှေးမှိန်ပပျောက်စေဖို့  အားကိုးတွယ်တာမှု များ နှင့်တကွ
ပြစ်တင်ရှုံ့ချခြင်း မျက်ဝန်း တို့ အား
ကျွန်ုပ်ထံ၌ အစဉ် ကန်းခဲ့ပေးပြီးလည်း ဖြစ် ၍
အနက်ရောင်ဝတ်ရုံလွှာ သာ ကျွန်ုပ်ထံ ဆုကြေး သဖွယ် ရာသက်ပန် ပေးသနားခဲ့ပါ
သို့ သော်
မြေသားစိုင်ခဲ အား အရိပ်ဖြင့်သော်မျှ နင်းခြေဖြတ်သန်းနာကျင်စေဖို့ ရာ အခွင့် အလျဉ်း မရှိစေရ။
– ထား
ထားပါ ကျုပ်တို့  မဟုတ်တဲ့ အများ ဆီမှာသာ
ကြင်နာ နွေးထွေး ခြင်း ၊ ချစ်ခင် ယုယခြင်း
ခွင့်လွှတ် အားပေးခြင်း ၊ တွယ်တာ မြတ်နိုးခြင်း
ဖေးမကူညီခြင်း ၊ စောင့်ရှောက် ရပ်တည်ခြင်း
အားလုံး အားလုံး အသင် ဆန္ဒရှိရာ အခြား ဘက် များ မှာသာ ထားလို့ 
ပျော်ရွှင် ကြည်နူးစွာ
အထွန်းတောက်ဆုံး လင်း ပ ဝေ ဖြာ နိုင် ပါစေ သား
နာကျင် ၀မ်းနည်း စွာ ဖြင့် ကျုပ် မျက်ရည် အစက်စက်ကျ ရင်း မုဒိတာ ပွား ခဲ့ ပါ တယ်။
– လက်မ တွေ ချည်း ဖြတ်ကာ ဆုတောင်း/စုဆောင်း နေခဲ့
မိသားစု ဆိုတာ အများပိုင်မဟုတ်တဲ့ ရွှေပုရပိုက် တစ်ခု ဖြစ်တဲ့ အကြောင်း
ကောင်းကင်အနှံ့ နှင့် စကြာဝဋ္ဌာ တစ်ခွင်လုံး ပဲ့တင် ထစ်ချုံး
သက်ရှိတိုင်းအတွက် အကျုံးဝင်စေဖို့ 
အားအင်ကုန်သုံး ဟစ်ကြွေး မောင်းခတ် လို့ 
သံသရာအဆက်ဆက် ကဗ္ဗျည်း အက္ခရာ ထွင်း ခွင့် ရ ရ ပါလို၏ ဘုရား
အဘယ်ကြောင့်များ စုန်ရေ ဟာ လမ်းပျောက်လို့  အပြစ်ကင်းမဲ့ သွေးသားမျှော်တေး တွေကို မှ
ငြိုးမာန်ဖွဲ မုန်းရက်လေခဲ့သလည်း??? ကျုပ် … အဖြေ ..ရှာလို့  မရနိုင်ခဲ့ဘူး။
– ထားခဲ့ရာ နေရာ မှာ ပဲ ဖ၀ါးမျှမရွေ့ ကျေနပ်စွာ နေခဲ့ပါတယ်
– ကျွေးခဲ့သမျှ အဆိပ် များ လည်း မြူမှုန် မကျန် စားသုံးခဲ့ပါတယ်
– ပေးခဲ့သမျှ ဒဏ်ရာ အား အစဉ်လန်းဆန်းစေဖို့  ရေလောင်းပေါင်းသင် ယုယထားပါမယ်
– ကြွေးဟောင်းပေါင်းများစွာ အတွက် ခန္ဓာ သွေး ခမ်းခြောက်သွားချိန်ထိ ပေးဆပ် ပျော်ပိုက်ပါမယ်
– သံယောဇဉ်ပြတ်စွာ ထားရစ် ကျောခိုင်း မှု များ စွာ လည်း ရက်စက်ခြင်း အမည် မတပ်ရက် နှစ်သက်စွာ ထွေးဖက်ထားပါမယ်
အသင်
သို့သော်
ကျေးဇူးပြု၍
ကျုပ်နေထိုင်ရာ ဤ ဥပေက္ခာ ရွာ ငယ် လေး အတွင်း
ကောင်းကင် အလင်း စိုးစဉ်မျှ တောက်ပ ရန် မလို အပ် တော့ တာ ကို သိထား မှတ်သားပေး
လျောက် ပြန် သံ ပေး တွေ ဝေ ငေး လို့  လှည့်ကြည့် ဖို့  ရာ အခွင့် အသင့် မှာ လုံးဝ မရှိ တော့ ။
Comment #2
ကျေးဇူးပြု၍
ကျုပ်နေထိုင်ရာ ဤ ဥပေက္ခာ ရွာ ငယ် လေး အတွင်း
ကောင်းကင် အလင်း စိုးစဉ်မျှ တောက်ပ ရန် မလို အပ် တော့ တာ ကို သိထား မှတ်သားပေး
လျောက် ပြန် သံ ပေး တွေ ဝေ ငေး လို့  လှည့်ကြည့် ဖို့  ရာ အခွင့် အသင့် မှာ လုံးဝ မရှိ တော့ ။
……………………………………..
Oh!!! God
^^^*** Make History *** ^^^
Comment #3
ထားခဲ့ရာ နေရာ မှာ ပဲ ဖ၀ါးမျှမရွေ့ ကျေနပ်စွာ နေခဲ့ပါတယ်
ကျွေးခဲ့သမျှ အဆိပ် များ လည်း မြူမှုန် မကျန် စားသုံးခဲ့ပါတယ်
နှစ်သက်မိပါကြောင်း ~~
သြော် ဟိုးရှေးရှေးလွန်ခဲ့တဲ့ တစ်ပတ်ကျော်ကျော်လောက်ကပေါ့ကွယ် မဟေ… ဆိုတဲ့ ကောင်မလေးတစ်ယောက်ဆီကို ကျွန်တော်ဖုန်းအကြိမ်ကြိမ်ဆက်ခဲ့ပါတယ် အလှူငွေကိစ္စအတွက် သို့သော်လည်း သူမဟာ လုံးဝဖုန်းမကိုင်ခဲ့ပါကြောင်း ဖုန်းလည်းပြန်မဆက်ခဲ့ပါကြောင်း အဲ့ဒါဘာလို့လဲဆိုတာ အစ်မတော်မိုးဖြေပေးပါ ကျွန်တော်က စိတ်သိပ်မကြီးဘူး အစ်မတော်မိုး စိတ်တိုလာရင်တော့ လူသတ်ဖို့ဝန်မလေးဘူး ကျွန်တော်မေးတာကို ခင်ဗျားအမြန်ဆုံးဖြေပေးစေလိုပါတယ် ~~
လေးစားစွာဖြင့်
ရေး
Comment #4
အမ X -ray ခင်ဗျာ တစ်မျိုးမထင်ပါနဲ့ဗျာ
အမဆက်တဲ့ဖုန်းတွေမကိုင်ဘူး ပြန်မဆက်ဘူးဆိုတာ
တကယ်တော့မ အသဲကွဲမိုး အရမ်းနေမကောင်းဖြစ်နေလို့ပါဗျာ
အှုငွေကိစ္စနဲ့ပတ်သက်ပြီးလည်း ဘယ်လိုမှသဘောမထားပါနဲ့ဗျာ
သူနေကောင်းတဲ့နေ့ အမဆီဆက်သွယ်လာပါလိမ့်မယ်။
Comment #5
အလှူငွေကိစ္စက ပြီးသွားပါပြီ
အစ်မတော်မိုးနေမကောင်းဖြစ်နေတာကို ကျွန်တော်မသိပါဘူး
အစ်မတော်မိုးက ဘာဖြစ်နေတာတုန်းဗျ စိုးရိမ်ရလား
မာန်ခက်ဝင့်ရေ ခင်ဗျားက အစ်မတော်မိုးအကြောင်းဘယ်လိုလို့သိနေတာတုန်း ပြီးတော့ ခင်ဗျားက မိန်းကလေးလား ယောက်ျားလေးလားဗျ Anyway, whatever you are boy or girl , don’t call my name Ma X-ray.
Thanks to reply comment.
With respect,
RAY
Comment #1
Wow .. ma moe
So touching