ချစ်တယ်…
နုနုထွားထွား
မေ့ပါးနှာယောင်
မျက်တောင်ကော့သေး
စုတ်ဖြင့်ရေးသို့
ထွေးနုနီမြန်း
နှုတ်ခမ်းပါးနှင့်
ချမ်းမြေ့ကြည်လင်
စိုရွှင်မျက်ဝန်း
ရွှန်းလဲ့တင့်တယ်
ချစ်တယ် စကား
သူ့နှုတ်ဖြားက
မပီတပီ
ကျီစယ်ဆိုသည်
အကျွန် ထွေးပိုက်မိသည်တကား … …
ခင်မင်လေးစားလျက်
လေပြေ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service