ဖတ်ရှုပေးပါ … ကျွန်တော်ရေးသမျှစာတွေထဲက အဖတ်စေချင်ဆုံး ဆောင်းပါးလေးပါ
တခါတလေ လူ့ဘဝမှာ လက်တွဲဖော်(ကြင်ယာဖက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက် အတွက်ပဲဖြစ်ဖြစ်)ရွေးတဲ့အခါ – လူတွေက လူအားလုံးအတွက် ကောင်းတဲ့လူဟာ သူတို့အတွက် အလားတူကောင်းမယ် လို့ ထင်တတ်ကြတယ် …တကယ်တော့ (အားလုံးကို မဆိုလိုချင်ဘူး) လူတွေဟာ အားလုံးအတွက်ကောင်းရင် တစ်ယောက်တည်းအတွက် မကောင်းတတ်ပါဘူး … ဒါကြောင့် ကိုယ့်အနေနဲ့ ကိုယ့်ကို အဆုံးစွန်အထိ မပေးဆပ်ကြဘူး …ဒါကြောင့် အဖုအထစ်လေးတွေ ဖြစ်တတ်ကြတယ် … ကြာတော့ ပေါက်ကွဲကြတယ် … စဉ်းစားစရာပါ … ကိုယ်ဟာ အားလုံးအတွက် ကောင်းမယ် ဆိုတာ ကောင်းတဲ့အရာတစ်ခု။ မှန်တယ် …။ ဒါပေမဲ့ ကြာလာတော့ ကိုယ်ဟာ တကယ့်မိတ်ဆွေ သူငယ်ချင်းဆိုတာ ရှိမှာ မဟုတ်ဘူး … ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က အားလုံး အတွက် ကောင်းနေကြတဲ့အခါ(Focus) မရှိတော့ လူအားလုံးဟာ ကိုယ့်ရဲ့ အားလုံးအပေါ် ကောင်းမွန်မှုကို ပေါ့ပေါ့လေးတွေးပြီး သမန်ကာ လျှံကာ ထင်တတ်ကြတယ် …ဆိုလိုတာက ဒီကောင် ဒီလိုလုပ်တာ ငါတို့မှ မဟုတ်ပါဘူး အားလုံးကိုပါ ခင်ဖို့တော့ ကောင်းပေမဲ့ ပေါင်းဖို့ ဘာဖို့ မကောင်းတဲ့လူပါ လို့ အပြောခံရတတ်တယ် … ဒီတော့ ဘယ်လိုလုပ်မလဲ … ဆရာကြီး ဒဂုန်တာရာ ကပြောတယ် … မုန်းသူမရှိ ချစ်သူရှိ တဲ့ … နောက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါ …တဲ့ …ဆိုတဲ့အခါမှာ လူအားလုံးနဲ့ သင့်သင့်မြတ်မြတ်နေကြပါ … နောက် အတတ်နိုင်ဆုံး ဖော်ဖော်ရွေရွေလေး ဆက်ဆံကြပါ ပေါ့နော် … ဒါဆို ကိုယ့်အပေါ်မှာ ငိုကြွေးခြင်း အံသွားခဲ့ကြိတ်ခြင်း ဆိုတဲ့ အမုန်းတွေ ရှိတော့မှာ မဟုတ်ဘဲ သင့်သင့်မြတ်မြတ်နဲ့ ချစ်တဲ့လူတွေပဲ ရှိလာမယ် … ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ သခင်ယေရှုခရစ်တော်က “ ရန်သူကို ချစ်ပါ ” အကောင်းဆုံးကတော့ ရန်သူကို ချစ်ဖို့ ပေါ့နော် … ဒါပေမဲ့ လက်တွေ့ကျင့်သုံးနိုင်တဲ့ လူနည်းပါတယ် … နောက် ဗုဒ္ဓကျမ်းတွေထဲမှာ၊ တရားတွေထဲမှာ ဗုဒ္ဓတရားကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ စကားပုံတွေထဲမှာ “ချစ်စကို ရှည်စေ၊ မုန်းစကို ရှည်စေ” …ဒီစကားပုံလေးအရ ကျင့်သုံးရင်တော့ ကောင်းတာပေါ့နော် …ဒါပေမဲ့ လက်တွေ့ကျင့်သုံးဖို့ကျ ခက်နေပြန်တယ် … ဒါကြောင့် လူသုံးများ နှုတ်ခမ်းများရဲ့ ဘူတာကြီး “အတတ်နိုင်ဆုံး ”ပေါ့နော် … ဟုတ်တယ် …အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးယူရမယ် … ရန်သူကိုလည်း ချစ်တတ်အောင် ကြိုးစားရမယ် …ဒါပေမဲ့ ရန်သူကို ခွင့်လွှတ်တတ်အောင်ပဲ ကြိုးစားကြည့်ရင်ကိုပဲ တော်တော်လေးကို ခက်ခဲနေပြီ။ ကြွားတာ မဟုတ်ပါဘူး …ပြောရရင် ကျွန်တော့်ကဗျာကို လူတစ်ယောက်က သူ့ကဗျာလိုလိုနဲ့ ခိုးပြီး အများသုံးဆိုဒ်တစ်ခုမှာ တင်ဖူးတယ် …ဖြစ်ချင်တော့ အဲဒီဆိုဒ်မှာ ကျွန်တော်အဲဒီကဗျာတင်ထားပြီးပြီ…တွေ့တွေ့ ချင်းတော့ အရမ်းဒေါသထွက်တာပေါ့နော် …ဒါပေမဲ့ နောက် အဲဒီလူက ပြန်တောင်းပန်တဲ့အခါ ကျွန်တော်ခွင့်လွှတ်ခဲ့တယ် …ဒါတင်မကဘူး … သူငယ်ချင်းဖြစ်ဖို့တောင် ကမ်းလှမ်းခဲ့ပါသေးတယ် …။ နောက်တော့ ကျွန်တော်စဉ်းစားတယ် …ငါ ဒီလူကို တကယ်လို့ ခွင့်မလွှတ်ဘူးဆိုရင် …ဆိုတဲ့ အတွေးနဲ့။ သူလည်း ကျွန်တော့်ခွင့်လွှတ်မှုကို မရဘဲ တသက်လုံး အဲဒီစိတ်က သေရာပါသွားနိုင်တယ် …ဒါကြောင့် သူ့ဘက်က အကျိုးယုတ်မယ် …(ဒါသူ့ဘက်က) နောက် ကျွန်တော့်ဘက်က ခွင့်လွှတ်လိုက်ရင် သူက ကျွန်တော့်ကို ကျေးဇူးတင်မယ် နောက် လေးစားရင် လေးစားမယ် ..ဆိုတာက ကျွန်တော့်စိတ်ဓာတ်ပေါ့နော် …(လေးစားခံရချင်လို့ လုံးဝခွင့်လွှတ်တယ် လို့ ပြောခဲ့တာ မဟုတ်ဘူး … ကျိန်ဆိုမှုနဲ့ ကျွန်တော့်စကားတည်ရတာထက် ကျွန်တော့်အပေါ် စာဖတ်သူရဲ့ ယုံကြည်မှုကို အရင်းတည်ပြီး ကျွန်တော့်စကားတည်ပါစေ)ဆိုတော့ သူ ကျွန်တော့်ကို (အဲဒီဆိုဒ်မှာ ကျွန်တော့်လို ကဗျာရေးတဲ့လူ အများကြီးလေ) ကဗျာရေးတဲ့လူတွေ အများကြီးထဲမှာမှ သတိထားမိလာပြီး ကျွန်တော့်စာတွေ ဖတ်ပေးလာမယ် … အမာခံပရိသတ်တစ်ယောက်တော့ ရလာမှာပဲ … ဒါက တချက် …နောက်တစ်ချက်က ကျွန်တော်က် ခွင့်မလွှတ်လိုက်ဘူးဆိုရင် တစ်သက်လုံး ဒီခွင့်မလွှတ်ဘူး ဆိုတဲ့ ဝန်ကြီးကို ထမ်းထားရသလို ဖြစ်နေမှာ … ဒါကြောင့် ဒီအတိတ်ကြီးကို သတိရလာမယ် …နောက် ငါဘာလို့ ခွင့်လွှတ်တယ် လို့ မပြောခဲ့တာလဲ သူတောင်းပန်ရဲ့သားနဲ့ ဆိုတဲ့ မေးခွန်းလေးတွေက အနည်းနဲ့အများ စိတ်တစ္ဆေရိုင်းတစ်ကောင်လို ခြောက်လှန့်လာမယ် ဆိုပါတော့ …ဘယ်သူနစ်နာပါသလဲ … နှစ်ယောက်စလုံးပါပဲ … ဒီတော့ ကျွန်တော်ပြောတဲ့ အဓိပ္ပာယ်က အရာအားလုံးကို ပြီးပြီ ဆိုတဲ့ သဘောပိုက်ထား ကြပါ … ခရစ်ယာန်ဘာသာရေးအရပဲကြည့်ကြည့် … ဗုဒ္ဓဘာသာရေးအရပဲကြည့်ကြည့် ဒါဟာ လုံးဝကို တရားနည်းလမ်းကျပါတယ် … ဆန်စင်ရာကျည်ပွေ့လိုက် ဆိုသလို ကျွန်တော့်စကားကို ပြန်ပြောရမယ် ဆိုရင် တရားဆိုတာက အမြဲတမ်းအေးမြ ပါတယ် … အဲဒီအေးမြဖို့က အဲဒီတရားအပေါ် ကိုယ့်ရဲ့ ယုံကြည်မှုအရလည်း မူတည်သေးတယ်(စကားချပ်ပါ)…။ ဆိုတော့ အဖြေကို ကြည့်လိုက်ရင် အဓိက က ရန်သူမရှိဘဲ ချစ်သူခင်သူပဲ ရှိဖို့ … ကိုယ့်ဘက်ကလည်း စိုက်ထုတ်မှုလိုအပ်တယ် … အဲဒီအခါ ကိုယ်က အထက်မှာ ပြောခဲ့ပြီးသလို လူအားလုံးအပေါ် ကောင်းနေရင် (ဦးစားပေး) မရှိဘူးဆိုရင် ကိုယ့်မှာ သူငယ်ချင်းကောင်း (သို့) မိတ်ဆွေကောင်းဆို တာ လုံးဝကို ဖြစ်ပေါ်လာမှာ မဟုတ်ဘူး …ဆိုတော့ ကိုယ်အထီးကျန်လာတဲ့အခါ ဘယ်မှာလဲ ရင်ဖွင့်စရာ …ကဗျာရေးတဲ့ ကျွန်တော့်လို(ကဗျာဆရာမဟုတ်ပါ ကဗျာကို ချစ်၍ ရေးနေခြင်းသာ) လူတွေတောင်မှ ကဗျာဆိုတာ ဘယ်လိုပဲ ရင်ဖွင့်ဖွင့် သက်မဲ့တစ်ခုလို့ ပြောလို့ ရတယ် …ကဲ ..သက်ရှိတစ်ယောက်ကို ပြောချင်လာမှာပဲ …စကားပြောစရာ ရှာလာမှာပဲ … ကိုယ်ပြောရင် ပြန်ပြောစေချင်မှာပဲ … အားပေးစေချင်မှာပဲ … ဒါတောင် အထီးကျန်နေတဲ့အခါမှနော် တခြား အရေးတကြီး သေရေးရှင်ရေး အကူညီလိုအပ်တဲ့အခါကျရင် စဉ်းစားကြည့်ပါ … မိတ်ဆွေကောင်း မရှိရင် … ဘာတွေ ဖြစ်လာမလဲ … ဆေးပညာအရ ကြည့်မယ်ဆိုရင်လည်း ကျွန်တော်လို ၁၅ နှစ်သား ကလေးတောင်မှ တွေးမိတာက အထီးကျန်တဲ့ စိတ်က ကြာလာရင် စိတ္တဇ ဖြစ်လာနိုင်တယ် … ကဲ … အထီးကျန်တဲ့အခါ ခံစားမှုလေးပေါ့နော် …ဒါကြောင့် ကျွန်တော်ပြောလိုတာက ချစ်သူခင်သူ ရှိဖို့ အားလုံးအပေါ်ကောင်းပါ …ဒါပေမဲ့ ဦးစားပေးတော့ ရှိနေပါစေ …အဲဒီဦးစားပေးအပေါ် ပြုသမျှကောင်းမှုတွေကိုလည်း တခြားသူအပေါ် လွယ်လွယ်နဲ့ မပြုမိပါစေနဲ့ … အဲဒီဦးစားပေး ကိုလည်း သူ့ပေါ် ဦးစားပေး အရေးထားကြောင်း ခဏခဏမဟုတ်ဘဲနဲ့ ရံဖန်ရံခါ ပြောပြပေးပါ … ဒီနေရာမှာ ကိုယ်နဲ့စာပြီး နာတတ်တယ် ဆိုတဲ့ စကားအရ ကျွန်တော့်ကို ကျွန်တော် ပြန်တင်ပြပါရစေ …ကျွန်တော်ဟာ (ကြွားတာလုံးဝမဟုတ်ပါဘူး) ရုပ်မချောရင်တောင်မှ အမြဲပြုံးပြုံးရွှင်နဲ့ အပြုံးချိုတတ်တဲ့ လူတစ်ယောက်ပါ … လူတိုင်းကိုလည်း ပြုံးပြုံးလေး ဆက်ဆံတာပေါ့နော် …ဆိုတော့ ပြောချင်တာက လူတွေအားလုံးက ကျွန်တော့်ကို ကြည့်မရတာ မရှိကြဘူး(ခြွင်းချက်အနေနဲ့ – လေကန်ပြီး အတော်မသတ်တတ်တာ တစ်ခုကြောင့်တော့ တခါတလေ သူငယ်ချင်း(အရင်းမဟုတ်ပါ)တွေက မျက်မုန်းကျိုးပြီး ချွတ်တတ်ကြပါတယ်။ ) ဆိုတော့ ကျွန်တော်ဘာလုပ်လဲ … ဦးစားပေး တစ်ယောက်ကိုထားတယ် အရင်တုန်းက နှစ်ယောက် ပဲ။ အခုတော့ အဲဒီတစ်ယောက်က နည်းနည်းအေးတိအေးစက်ဆန်လာတော့ တစ်ယောက်ပေါ့နော် .။ အဲဒီကျွန်တော့်ဦးစားပေးတစ်ယောက်ကို ကျွန်တော်က အထီးကျန်တဲ့အခါ အကူညီလိုတဲ့အခါ စကားပြောချင်တဲ့အခါ စကားတွေ ပြောတယ် ဘာတယ်ပေါ့နော် … ကောင်းလိုက်တာဗျာ …သူကိုယ်တိုင်ကလည်း ကျွန်တော့်ကို သည်းခံတယ် …အားပေးတယ် …သူ့အကောင်းဆုံး သူငယ်ချင်းအဖြစ်လည်း လက်ခံတယ် …(တစ်ခုတော့ ရှိတာပေါ့ အသက် ၈ နှစ်ဝန်းကျင်လောက် ကွာတော့ တခါတလေ စချင်သော်လည်း အကြီးနဲ့ ငယ်စည်းလေးတော့ ထားရတယ်)…ဒါကြောင့် ကျွန်တော်ပြောချင်တာက ဦးစားပေး သူငယ်ချင်း ထားကြပါ …ဆိုလိုတာက အဲဒီဦးစားပေး တစ်ယောက်ကိုပဲ ကောင်းရမယ် လို့ ပြောတာ မဟုတ်ဘူး …လူသားအားလုံးအပေါ် အတတ်နိုင်ဆုံး ကောင်းပြပါ …ဦးစားပေးလည်း ထားကြပါ လို့ သာ ပြောချင်ပါတယ် …ဒီစာကို ရေးတဲ့အခါ အဓိက ရည်ရွယ်ချက်က ကျွန်တော့်ဆိုလိုရင်းကို နားလည်နိုင်ပြီး လိုက်လံကျင့်သုံးနိုင်ဖို့ပဲ … နောက် အကြောက်ဆုံးက ကျွန်တော်မရေးတတ်တာကြောင့် တလွဲတွေးပြီး ကျွန်တော့်စာက အဆိပ် ဖြစ်သွားမှာပဲ … ကလောင်သွားက ဓားသွာထက်ထက်တယ် ဆိုတဲ့အတိုင်း … အဆိပ်တကာ့ အဆိပ်ထဲမှာ စာပေအဆိပ်က ရှင်လျက်နဲ့ အသံတိတ်လူကို နှိပ်စက်ညင်းပန်း တဲ့နည်းပဲ …ကြောက်စရာကောင်းဆုံး အဆိပ်ပေါ့နော် … ဒါကြောင့် ဒီစာလေး စာပေအဆိပ် မဖြစ်ပါစေနဲ့ ဆုတောင်းရင်းကိုယ်နဲ့ စာပြီး အားပေးလိုက်ပါတယ် ခင်ဗျာ …
ဖတ်ရှုသူတိုင်း အဆုံးထိဖတ်ပေးတဲ့ အတွက်ကြောင့် ကျေးဇူးတင်ပါတယ် …
သဘောပေါက်နိုင်ကြပါစေ …
လျံနိုး
Comment #3
အင်း
ပြောတာမှန်တယ်
အကောင်းဆုံးဆိုတာတော့ရှိရမှာပေါ့
Comment #1
ညီလေးရေ
လူမှန်ရင်ချစ်တာလဲခံရမယ် မုန်းတာကိုလဲခံရမယ်
ကိုယ်ပြောချင်တာလေးတွေကိုတကယ်နားထောင်ချင်တဲ့သူကိုရွေးပြောတာ နှစ်ယောက်လုံးအတွက် အကျိုးရှိပါတယ်။
ဘယ်သူနားထောင်ချင်တယ်ဆိုတာကိုတော့ မှန်အောင်ရွေးတတ်ရပါမယ်။
ဆက်ရေးပါ အားပေးပါတယ်။
ကိုယ်ဘာကိုပြောချင်တယ်ဆိုတာကိုကျစ်ကျစ်လစ်လစ်လေးရေးရင်ပိုထိရောက်ပါတယ်။
အကြံပေးတာနော် ဆရာလုပ်တာမဟုတ် ကိုယ်ချင်းစာလို့ပါ။
ခင်သောကိုပေါက်မန်းတလေး