“အိမ်မက်တရှိုက်”
(၁)
နှုတ်ဆက်ပြီဆိုမှတော့
လင်းလျလျမျက်ဝန်းတွေကို
ကိုယ်မြင်အောင်ပြမနေနဲ့တော့။
(၂)
ဒီထက်ပိုပြီး အေးမြဖို့လဲ
မမျှော်ခဲ့ဖူးတဲ့…………ဘဝမှာ။
(၃)
ဘွန်ဆိုင်းပင်လေးလို
ယုယချင်ခဲ့ရုံသက်သက်…..အဲဒိလောက်ပါပဲ။
“ကိုယ့်အရိပ်နဲ့ကိုယ် မွေးခဲ့ရတဲ့ သံယောဇဉ်”
(၄)
တကိုင်းတည်း ဖူးခဲ့ရ
ပွင့်ခဲ့ရပေမဲ့……..
အတူတူကြွေချင်မှလဲ ကြွေမှာပေါ့…
မွှေးမြခဲ့ဖူးတဲ့ အိမ်မက်တမက်လောက်နဲ့
နှုတ်ဆက်ခဲ့ပါတော့ ကလေးရယ်။
အယ်နီ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service