ငါ့ဘ၀ရဲ့ အရုပ်သည်
(၁)
ဒဏ္ဍရီတချို့ကို သူမသိမ်းပိုက်ရန်
သတ္တမမြောက်ကကြိုးကိုက၍ သူမလာလေပြီး
စစ်သည်အင်းအားမဲ့ ငါ့ရဲ့ အားပြိုင်မှုက
ရို ကျိုးတဲ့ မြေငင်အားနဲ့ အတူ
ဒူးကို ငြို့ငင်လေပြီး
ပြည့်ဝတဲ့ ခွန်းအားမပါပေမယ့်
ငါ့အနာဂတ်တေး
သူမ အောက်မှာ ဒလိမ့်ခေါက်ကွေးပါလား
ထောင့်တနေရာမှာ တောင် အသက်ငင်စွာနဲ့
ခွေးခေါက်သွားနိုင်တဲ့ သူရဲကောင်းတယောက်လို
သတ္တိမျိုးကို မွေးဖွား……
နောက်တခါ
သူ့အတွက် ပြန်ရှင်သန်ရာအတွက်
ပျော်ရွှင်မှုသာ အတိတ်ကစားဝိုင်းဆိုရင်
မင်းဘယ်လက်နဲ့ ငါ့ညာလက် ဖြတ်ပြီး
နှစ်ကိုယ့်တစိတ်လုပ်မိလိမ့်မယ်
အသားချင်းခွဲခံရပြီးမှတော့လည်း
င့ါ အိုးပုတ်က မင်းအတွက်ဂျိုးရုပ်ပေါ့
အဆော့ခံချင်တဲ့ အရုပ်ရှိနေမှတော့
အရုပ်ဆော့ချင်သူခံစားချက်ကိုဦးစားပေးရမယ်လေ
ပွဲမတိုးတဲ့ ရလာဒ်မှာ ငါ့အတွက် အရှုံးအမြတ်မရှိ
ပူးကပ်နေတဲ့မင်းရဲ့ဓား
ငါ့အတွက် ရာဇ၀င်မြောက်ကျောက်ထုဖြစ်စေခဲ့သည်
(၂)
အပ်ချည်လုံးတွေ တလုံးပြီးတလုံးလာပြီး
အပ်တန်ဖိုး က ငါသတ်မှတ်ထားတဲ့
ငါ့ ထိပ်ဖျားပါ
လမ်းခွဲခြင်းကို တရားဝင်ခွင့်တောင်းတော့လည်း
ငါ့အုတ်ဂူလေး အနီရောင်ရင့်ရင့်နဲ့
လှပနေရမယ်
ကြားခွရပ်ရင် ခြေလိမ် မယ်ဆိုတော့
တဖက်ကို ခုန်ဆင်း
မီးခိုးအူနေတဲ့ ရင်ဘတ်အို တခု ဒီအတိုင်းကျန်ရစ်နေမယ်
ခေတ်သစ်လူရိုင်းတယောက်က
သဘာဝအတိုင်းတော့ အသားမကျနိုင်ဘူး
ရိုင်းခဲ့တဲ့မာနက အတောမသတ်နိုင်တဲ့
အဆိပ်အတိုင်းအတာထိကိုရောက်ခဲ့ပြီး
ပြောင်းဝက အနာဂတ်
တချက်လေး မှုတ်ရုံနဲ့ လွင့်ပေးဖို့အသင့်
(၃)
ရထားအူသံက ခါတိုင်းထက်ပိုကျယ်နေပြီး
ဘူတာရောက်ပြီး လက်မှတ်ပျောက် တယောက်ဘဝ
ရောက်ချင်တဲ့ခရီးနောက်တစီး
စောင့်ရပြန်ပြီး
ထောင်ပြတဲ့ အလံကို အရောင်မကြည့်ပဲ
ကိုယ့်ကိုကိုယ် တံတိုင်းပိတ်
အဖြူစင်ဆုံး အမုန်းလဲ့လဲ့ကို
ရင်ဘတ်မှာ အအောင်မြင်ဆုံးစိုက်ထူ
အဲ့ဒီ အမှတ်အသားက ငါ့အုတ်ဂူပါလား
နွေဦးညများမှာ ငါ့ရဲ့
ဇာပနာအတွက် မြတ်နိုးစွာနဲ့ကို အဆိပ်ထပ်ခတ်ပြန်တယ်
သတ်တိုင်းသေပေမယ့်
သေတိုင်း လည်း မင်းရဲ့ မှော်ဝင်တဲ့
ခြေဖျားအောက်မှာ သာဆက်ရှိချင်လို့ပါ
ငါမရုန်းဘူး
တကယ်လည်း မရုန်းဘူး
အဲ့ဒါက မင်းခြေအစုံမှာ ငါသေဆုံးမှု
(၄)
မီးအိမ်ရှင်ဆိုတဲ့အသိ
ပတ်ဝန်းကျင်အမှောင်ကျသွားရင်တောင်
ငါ့လက်ထဲမှာ နှလုံးသားသက်သက်နဲ့
လင်းလက်နေအုံးမည်
ပြိုပျက်သွားတဲ့ အလင်းမဲ့ညတွေကို မမျော်လင့်
ငါ့ဦးတည်ရာနှင့်သာ ငါမူးရစ်
အဆိပ်သင့်တဲ့ အသိတရားကတော့ ငါ့ပိုင်ဆိုင်မှုပဲလေ
တချိန်တခါက လင်းလက်တဲ့ကောင်းကင်ကြီးကလည်း
အပူပြင်းဆုံး နေ၀င်ချိန်ကိုစောင့်မျော်
ချိန်းဆိုထားတဲ့ ပျော်ရွှင်မှုတွေကို
အတူတူ မြေမြုပ်ချင်နေရဲ့
ဇူလိုင်လက နေ့ရက်များ
ငါကိုယ်တိုင်တောင် ထမင်းငတ်မှန်းမသိအောင်
ချစ်ခဲ့သည်
(၅)
စွန့်ပစ်ခံရတဲ့ လတွေမှာ
ပြန်ဖြဲရှာလည်း မင်းအရိပ်တွေပဲ တွေ့နေခဲ့တယ်
တစုံတရာ ကိုကြောက်ရွံမှုမျိုးနဲ့
အရေပြားထဲက မင်းကိုတောင်စွဲထုတ်နေမိတယ်
တချိန်တခါ ဆိုတာက
ငါ့ဘ၀ထက်ကို ငါ
လောင်းကြေးပေးထားတဲ့အရုပ်ဖြစ်တဲ့အတွက်
တိတ်ဆိတ်စွာ ရောင်းပါရန်…..
ap