အမြုံပန်း
သံယောဇဉ်တွေ နှောင်ဖွဲ့လေသလား
( ငါကတာ့ ငါ့နှလုံးသား ကိုငါ )
အရွဲ့ တိုက်လိုက်ချင်တယ် .. ။
အလွမ်းတွေ နေ၀င်မသွားပေမဲ့
ဆည်းဆာကတော့ မှုန်မှုန်ပြပြ
ဘ၀ ဆိုတာ မှန်တစ်ခြပ်လို
တန်ပြန်မှုတွေ ရှိခဲ့ရင် ကောင်းသား … ။
အချစ်ဆိုတာ နွေးထွေးမှု တွေ နဲ့ ပေါင်းစု ထားတဲ့
ဒြပ်ထု ဆို …
ပျော်ရွှင်မှုကို ဖြိုခွင်းခဲ့တဲ့ လက်နက် တစ်လက် အတွက်
အမည် တပ်ရခက်နေသေးပါတယ် … ။
ငါ့ဆီ ဦးတည် မလာတဲ့ ခြေလှမ်း ကို
ငါက မျှော်မှန်း
ညှိုးနွမ်း မသွားတဲ့ အလွမ်းတွေ
နေ့ည ငါ့ကို ပက်သက်နေတုန်းပဲ …။
အအိပ်ခက်တဲ့ ညတွေ
စိတ်ပျက်စွာ နဲ့ ဖြတ်သန်း
အိပ်မက် တွေတောင် မောပန်းလွန်းတယ် … ။
နင့်ကြောင့် လဲပြိုခဲ့ရတာ မဟုတ်ရင်တောင်
နင်ထူမှ ပဲ ငါထ ချင်တယ် ..
ဒီလို အတ္တ တွေ အတွက်
လူတွေ သတ်မှတ် ချက်က
” မိုက်ကန်း ” တဲ့
( ဝေဖန်ကြစမ်းပါစေ … )
ငါ့နှုတ်ခမ်း တစ်စုံ မဲ့ မသွားခဲ့ပါဘူး
ပြုံးလျက် အမြဲ ပဲ
နုန်းလျက်သာ နေတတ်ခဲ့သူ
ငါ့ရင်ထဲ အပူ ဘယ်သူနားလည်နိုင်ခဲ့လို့လဲ .. ။
နင်ကတော့ မမုန်းပါဘူး
ငါကတော့ ရှုံးသွားခဲ့သူ
ဒါ … ဘယ်သူ သတ်မှတ်ခဲ့တာလဲ
မင်းမကြည့်ခဲ့ တဲ့ အရာတွေက
ငါ့ရင်မှာ တည်ရှိနေတယ် …
ကောင်းကင် ဆို မိုးပြိုခဲ့တာ ကြာပေါ့
နင့်ကို စိုသွားတယ်ဆိုယုံလေးပါ
သမာန်ကာ လျှံကာ ၀မ်းနည်းခြင်းမျိုး မဟုတ်ဘူး
ရူးသွားလောက်အောင် ငါချစ်ခဲ့ပေမယ့်
ငါ့အချစ်တွေက ၀တ်မှုန်မှ မကူးခဲ့တာ ပဲ ………… ။
လွမ်းလှိုင်း
11:50 pm
( 27.11.09 ) Fri
Comment #3
I’m speechless, what a creative & touching poem 🙂
Comment #5
ခံစားချက်တွေက တထပ်တည်းကျတယ်
ကိုယ့်အကြောင်းရေးထားသလိုပဲ
Comment #7
အရမ်းကောင်းပါတယ်
ထပ်ရေးအုံးနော်
အားပေးလျှက်
Comment #1
ဒီကဗျာ မဖတ်ရသေးပါလား … အရင်က ဒီမှာ မတင်ဘူးနဲ့တူတယ် …
ဘာပဲဖြစ်ဖြစ် မိုက်တယ် …