မိဘရဲ့ လောင်းရိပ်အောင်မှာ … ရှင်သန်
ဆွေမျိုးတွေရဲ့ ထိန်းကွပ်မှုအောက်ကနေ … ရုန်းမထွက်နိုင်
ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို … ရှာမတွေ့ 
မိဘဆီကလက်ဖြန့်တောင်း
မနက်လျှောက်လည်
နေ့ ခင်းလျှောက်လည်
ညနေလျှောက်လည်
ညလျှောက်လည်
ပျော်ချင်တိုင်းပျော်
အပေါ်မမော့ကြည့်
အောက်မငုံကြည့် 
လွတ်လပ်နေတဲ့ ဂျလေဘီတွေလိုပဲ
သုံးဖြုန်းပြလို့ မင်းပျော်နေလည်း အထင်မကြီးဘူး
အသုံးမကျလို့ မင်းလဲနေလည်း မသနားဘူး
ဘ၀ကိုပြန်တွေးကြည့်စမ်းပါ
မိမိပန်းတိုင်ဘာလဲဆိုတာ
ငါဘာကောင်လဲဆိုတာ
ပြန်တွေးကြည့်စမ်းပါ
ရုန်းထွက်လိုက်စမ်းပါ
ယုံကြည်မှုရှိစမ်းပါ
လက် မ ထောင် နိုင် ပါ စေ … ။
Comment #1
di poem lay ka sat dat kya thu tray a tait lae kaung nay pyan pa yaw lar…