ဆုတောင်း
မနက်မိုးလင်းလို့ အိပ်ရာနိုးတိုင်း
သူမ ကျန်းမာရွှင်လန်းဖို့သာ
ရှေးရှု မနက်ခင်းတိုင်းလည်း
မေတ္တာပို့ဖြစ်တယ်…။
တစ်နေ့သာလုံး လှုပ်ရှားလို့သွားလာ
သူမ အဆင်ပြေပါ့မလား?
တစ်နေ့လုံးလည်း တွေးမိတယ်…။
ဆည်းဆာရိပ် ရောင်နီသန်းတော့
သူမ ပြန်ရောက်ပါ့မလား
တွေးပူလို့ မောမိတယ် ..။
ညဥ့်နက်ချိန် အိပ်စက်ပြန်တော့
သူမ စိတ်လက်ကျန်းမာ
အိပ်စက်နိုင်ဖို့
ဘုရားမှာဦးချ ဆုတောင်းမိတယ်…။
မာန်ခက်ဝင့်
၈.၇.၂၀၁၃
၁၁: ၂၅
Comment #2
ကျေးဇူးပါဂျာ 🙂

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
har might dal ..