သတိရမိလေခြင်း
သေစေနိုင်တဲ့ လက်နက်တွေထဲ
အချစ်ပါလား…..မသိ
လူသေမသေတော့ မသေချာပေမဲ့
စိတ်တစ်ခုလုံး ချွတ်ခြုံကျ
ရှင်သန်ခြင်းမှာ နားခိုရာမရှိတော့ဘူး..။
တဖက်သတ် ဆိုတာ နိုင်တဲ့ပွဲမှကောင်းမှန်း
ငါသိခဲ့ရင် ငါမပါခဲ့ဘူး…။
အခုတော့….
အရှုံးတွေနဲ့ ပဲ အိမ်ပြန်ခဲ့ရ။
ဘ၀ဟာ အရေးပါခြင်းတွေနည်းပါးပေမဲ့
လိုအပ်မှုမှာ မိုင်းနပ်ပြ နေပေမဲ့
ငါအိမ်မပြန်ချင်သေးဘူး…..ချစ်သူ..။
သွားခဲ့ဖူးတဲ့ နေရာမရှိတာတောင်
ရောက်လေရာ နင့်ကိုအမှတ်ရမိ….
အယ်ကိုဟော မှာ သတိမေ့စေနိုင်စွမ်းရှိတာတောင်
.နင့်ကိုမေ့မသွားတာအခက်……
ထင်ခဲ့တာပဲ….သစ်ရွက်ခြောက်ကအမြဲမွှေးတယ်လို့
….မသေချာစွာပဲ..နင့်ကို နှစ်ဆ သတိရမိစေတယ်။
စဉ်းစားမိလေသမျှ…..နင်နဲ့ ငါမတန်ကြောင်း….
နင်အဖြူဆို ငါအမည်းပဲဖြစ်ရမှာပေါ့…။
တိုင်တည်မှုတစ်ခုပါပဲ…အဲ့ဒါ
နင့်ကငါ့ဘုရင်မ…….
ဘ၀က ချက်စ်ခုံတစ်ခု
အချစ်က ကစားကွက်ဆို…
ငါ့ဘုရင် မရွှေ့ခင်ကတည်းက အစားခံပြီးသားပါဟာ
လျှော်ကွက်နင်းပြီး နင်မကစားတော့တာတောင်
ငါမုန်းတဲ့ အရာမှာ အဖြူရောင်ကတော့
သတိတရ သိမ်းထားဖြစ်မှာပါ။
Comment #2
အားပေးသွားပါသည်
Comment #1
yae tat tal naw.. kaung dal.