“သတ္တမမြောက် နံရိုးအလွန်“ (ဝေဟင်)
ချစ်သူ့  ကမ်းလက်တစ်စုံမှာ
အနာဂါတ်တို့ ရှင်သန်
နှလုံးသားတစ်ခု အသက်ဝင်ဖို့
မျှော်လင့်ခြင်းလေး တွေ့ခဲ့တယ်………..။
ဧဒင်ဥယျာဉ်ထဲက
ပန်းသီးလေးမစားမိဘဲ
အချစ်စိတ်တွေနိုးထလာတဲ့ ငါပါ
သူမဟာ ကျွန်တော်ရဲ့
သတ္တမမြောက် နံရိုးလည်း မဟုတ်ခဲ့ဘူး……..။
သို့ပေမဲ့……
နံနက်ခင်းရဲ့ နေခြည်နွေးနွေးလေး
ညခင်းတစ်ခုရဲ့ လရောင်အေးအေးလေး
ကျွန်တော်ဘ၀ရဲ့ကောင်းကင်
ဖြူစင်စွာစိုးမိုး
အပြစ်အမျိုးမျိုး
မြူခိုးလေးမျှ မရှိသူပါ…………..။
ရုန်းထွက်မလွယ်ပေမဲ့
မလွတ်မြောက်ချင်သူပါ
ဖျက်တောက်မလွယ်ပေမဲ့
မပျက်တောက်ချင်သူပါ
အဲ့ဒီ့မမြင်နိုင်တဲ့ကြိုးကလေးတွေ
ချစ်မှော်ဝင် စီးဆင်း
သူမနှလုံးသားမှ
တိုက်ရိုက်ကြိုးကိုင်လှုပ်ရှား
နှလုံးသားနဲ့ “ကြိုးမဲ့ရုပ်သေး“ ငါ
အခါခါ ဆုတောင်းမိတဲ့ ဆန္ဒ
ကျူးပစ် နဲ့သာ ရင်းနှီးကျွမ်းဝင်
ခင်မင်ခွင့်ရှိပါလျင်
နှလုံးသားသို့ ဗဟိုပြုစိုက်ထား
သူမ အချစ်မြားကို
ထာဝရ စူးနစ်ပါစေလေ…………….။
ဝေဟင်
Comment #2
နစ်သက်မိလွန်းပါ၏
Comment #4
ကြိုက်ပါတယ်
Comment #1
ဒီကဗျာလေးထဲမှာထည့်သုံး မိတဲ့“ကြိုးမဲ့ရုပ်သေး“ ဟာအရင်က ကျွန်တော့်ကဗျာဟောင်းလေးပါ။
poemcorner မှာတင်ထားပါတယ်။