အဲဒီ့နေ့တုန်းက
မိတ်ကပ်ဖုံးထားတဲ့မျက်နှာတွေနဲ့
တောက်တောက်ပြောင်ပြောင်အ၀တ်တွေဝတ်ပြီး
မိုးမဆုံးမြေမဆုံးပျော်ခဲ့ကြတယ်
အရင်ကတွေ့ဆုံခင်မင်ခဲ့သူတွေနဲ့
ဘယ်တော့မှပြန်မဆုံနိုင်တော့ဘူးလို့
ဘယ်သူမှမတွေးမိအောင်ပေါ့
လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့
ခါးသီးတဲ့ အထီးကျန်မှုတွေက
ရှေ့လျှောက်နေ့ရက်တွေမှာ
ဆီးကြိုကြလိမ့်မယ်လို့များ
ယောင်လို့တောင်မတွေးခဲ့ကြဘူး
စည်တော်ယွန်းတော့မှ
ဗြုန်းဆို သတိရ
ဒါ ငါ့ရဲ့ ကျောင်းသူဘ၀နောက်ဆုံးနေ့……
အပူပင်ကင်းတဲ့ဘ၀ရဲ့ နောက်ဆုံးနေ့……
အနယ်နယ်အရပ်ရပ်ကနေ
တွေ့ဆုံကြုံကြိုက်ပြီး ခင်မင်ခဲ့တဲ့ချစ်သောသူငယ်ချင်းတွေနဲ့
ပြန်ဆုံခွင့်ရဖို့အခွင့်အရေးတွေနဲ့
ဝေးကွာတော့မယ်နေ့…………..လို့လေ
ဘ၀လမ်းကို တမျိုးစီလျှောက်ရင်း
မဆုံဖြစ်တော့တဲ့သူငယ်ချင်းတွေ
မရောက်ဖြစ်တော့တဲ့ အမှတ်တ၇ နေရာတွေ
မတွေးဖြစ်တော့တဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေ
မလုပ်ဖြစ်တော့တဲ့ အမှတ်တ၇တွေ
အဲဒါတွေအားလုံးက
အဲဒီ့နေ့ ညနေကပဲ စတင်ခဲ့ပါတော့တယ်………။ ။