လက်ပိုက်ကြည့်နေသူရဲ့နှစ်(သို့) ရာစု
သက္ကရာဇ်တွေကို လက်ခေါက်ချိုးပြီး
င့ါအရိပ်ကိုရေတွက်တော့
သူ့ပုံရိပ်လေးပဲထင်ပေါ်နေရဲ့
…
အော်အဲ့ဒီကောင်မလေး
မှော်မတတ်ပဲနဲ့ သဘာဝစွမ်းအားနဲ့
အလံတချောင်းကို အပိုင်သိမ်းသွားတယ်
ရူးသွပ်စွာတိုက်ယူမိတဲ့ငါ
မျက်ရည်အစစ်တွေကျပေးရင်း
ဂုဏ်ယူမိပါကြောင်း သတင်းကောင်းပါးပေးရမှာပေါ့..
ပြန်စာလာပါတယ်
“တခါတလေတော့လည်း
ကိုယ့်ဘ၀ကိုယ်ငဲ့ကွက်
သစ္စာတရားကိုပဲဦးစားပေးခဲ့ကြတယ်
လက်ရှိမျက်ရည်စက်တွေက
ဘ၀ရဲ့ အသက်တွေပဲ”
ရပါတယ် တဘောင်ထဲမှာ
၃၆၀’ ပြည့်ချင်မိတဲ့ငါ
ဘယ်လောင်ထောင့်ချိုးနဲ့ပဲရပ်တည်ချင်တည်ပေါ့
အဲ့ဒီအထဲ ထောင်ချင်သလိုထောင်နေရင်ကျေနပ်ပြီး
ငါ့အတွက် ဒီဂရီမလိုဘူး……ပုံစံခွက်မှာပေါ်နေရမည်
.
ဘ၀တဆစ်ချိုးအတွက်
နာမည်လှချင်တယ်ဆိုရင်
ငါလည်းခေါင်းလောင်းကို ၀တ္တရားထိုး(အရ)
သဘာဝတရားအတွက်ဆုတောင်းပေးမယ်
ပေးနေတယ်
ပေးနေဆဲ
သို့သော်
အဲ့ဒီအချိန်ငါ့အသံငါ မကြားမိလိုက်ဘူး.
မှတ်ချက်။ ။ ဆုတောင်းသံနဲ့ ကျိန်စာတိုက်သံမှားရွတ်မိခဲ့သည်ထင်သည်