“ညနေခင်းတစ်ခုရဲ့ ရှိုက်သံ“ (ဝေဟင်)
တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နဲ့
အိပ်တန်းဝင် ငှက်ကလေးတွေကိုမတွေ့ရတဲ့
ညနေခင်းတစ်ခုမှာ
ငါ့ နှလုံးသားပျောက်ဆုံးသွားခဲ့ရတယ်………။
လုပ်ရက်လိုက်တာအချစ်ရယ် လို့
အတွေးလေးနဲ့ အပြစ်တင်ဖို့
မအောင်မြင်ခဲ့တဲ့ ငါ
သူမရဲ့ အကြည့်စူးစူးတွေမြင်မှ
ငါရဲ့ကောင်းကင်ပြိုကျနေတာ
သတိထားမိပေမဲ့
သူမကျောခိုင်းသွားသည့်တိုင်
အိပ်မက်ထဲက မျှော်လင့်ချက်ဝိုးတ၀ါးကို
ရိုးရိုးသားသား ဆုပ်ကိုင်ထားဆဲ…………..။
လမ်းခွဲတစ်ခုရဲ့ အဆုံးသတ်
ခံစားချက်ခြင်းမတူပါ
အားပျင်းလွန်းတဲ့ ဝေဒနာ
ငါ ဘက်မှာသာနေတော့
သူ့မ ကျောပြင်လေးငေးကြည့်ရင်း
လဲကျလုမတတ် ခြေတစ်စုံကို
ထိမ်းချုပ်နိုင်ပေမဲ့
မျက်ဝန်းစုံက မျက်ရည်ဥတို့
မြေခသွားတာတော့ တောင်းပန်ပါ၇စေလေ……….။
သာမာန်ထက်သတိရနေရင်
လွမ်းတာတဲ့…..
သာမာန်ထက်လွမ်းနေရင်
ဆွေးတာပေါ့…..
သာမာန်ထက်ဆွေးနေရင်တော့
ကြေကွဲတယ်လို့ခေါ်မလားပဲ……
ငါရဲ့ဝေဒနာကိုအနက်ဖွင့်ဖို့
စကားလုံးရှာမရတဲ့ ငါ
ညနေခင်းရဲ့ ရှိုက်သံသဲ့သဲ့
နှလုံးသားနဲ့ဆက်ဆက်ကြားရမှ
သိလိုက်တယ်
ငါ အသည်းကွဲနေတယ်…….။
သို့ပေမဲ့…သူမ
ထာဝရပျော်ရွှင်ပါစေလေ………………..။
ဝေဟင်