ဂျုလိုင်မသိတဲ့ မျက်ရည်စက်
အဲ့ဒီမိုးတိမ်မည်းတွေ ငြိုးပြီဆိုရင်ဖြင့်
ကိုယ့်မှာအထိတ်တလန့်နဲ့
စိုပေးဖို့ကိုမျှော်နေမိ
တဖွဖွနဲ့ခေါ်နေမိတဲ့ နာမ်စားလေး
မိုးထဲလေထဲ အငြိုးနဲ့
တိုးတိတ်နေဆဲ…..
သူငိုပြီဆိုရင်ဖြင့်
ကိုယ့်မှာရင်ဘတ်ကိုဖွင့်
ကြိုလင့်ရတာ အခါခါ
အနာတရတွေရှိတယ်
မပြယ်လွင့်သေးတဲ့
အိမ်မက်အစုတ်အပဲ့တွေရှိတယ်
မီးသေသွားတဲ့ စီးကရက်
အတိုစလေးရှိတယ်
တသွင်သွင်စီးဆင်းသွားနေတဲ့
မြောင်းရေတွေကြား
ကိုယ့်မျက်ရည်စတွေများတွေ့လိုတွေ့ငြား
ရှာဖွေမိတုန်း ……
မာန်ခက်ဝင့်
14 July 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service