ခါး
စကားလုံးတစ်ချို့ကို ရွေးချယ်ကောက်ယူ
မျှော်လင့်ချက်တွေပြည့်နေတဲ့ရေကန်ကြီးထဲ
`၀ုန်း`ဆိုခုန်ချပစ်လိုက်တယ် ။
စုံးစုံးမြုပ်သွားတဲ့ ရှုံးနိမ့်မှုထဲ
သွေးရူးသွေးတန်း ကူးခတ်သူတစ်ယောက်
ခါးသီးနာကျင်မှုတွေစိမ့်ဝင်ပျံ့နှံ့ရင်း
အိပ်မက်တွေလဲခါး
စိတ်ဓာတ်တွေလဲခါး
နောက်ဆုံး..အရာရာပဲ
ရပ်တန့်မရအောင် ခါး… ။ ။
ဆိုက်ပရပ်စ်လင်း ၂၀၁၃
https://www.facebook.com/cyprus.linn
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service