Professional Authors

နားမလည်ခဲ့ကြဘူး

အချိန်ရောက်ရင်ဆို
နေညိုမှပဲထင်ပြီး
မီးရောင်ထဲက
ငါစောင့်နေတာ။

နင်ဟာစွယ်စုံကျမ်းတစ်အုပ်ဆိုရင်
ဖတ်ကြားမှတ်သားဖို့
မေတ္တာ၊အနုပညာ
ဟာသနဲ့အသိပညာတွေ လိုမှာပေါ့။

မင်းအတွက်ဆိုရင်
လောဘ (ရယူပိုင်ဆိုင်လိုခြင်း)
ဒေါသ (လောင်မြိုက်ခြင်း)
မောဟ (စွဲလန်းခြင်း) တို့တော့
ငါ့မှာရှိတယ်။

နေ၀င်နေထွက်ကို
မီးရောင်ထဲကငါ
မမြင်ခဲ့ဘူး။
မင်းဟာ ……
ရှောင်ပုန်းသွားတာလား
ပျောက်ဆုံးသွားတာလား
ငါ မသိခဲ့ဘူး။

အင်း … တစ်ကယ်တော့
ငါတို့ တစ်ယောက်ကိုတစ်ယောက်လဲ
နားမလည်ခဲ့ကြဘူးလေ …။

In: ကဗျာ Posted By: Date: Jul 24, 2013
Comment #1

🙂

commentinfo By: ei lay at Jul 27, 2013
Comment #2

ကျေးဇူးတင်ပါတယ်။ မအိလေး…

commentinfo By: Blueskymoe at Jul 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment