အကြောင်းအရာမရှိ
နင်ရယ်ငါရယ် သူငယ်ချင်းပါ
သတ်မှတ်ခြင်းက တစ်ဖက်သတ်ကျ
ကစားပွဲတစ်ခုဖြစ်ဖို့ရာ
ငါ့အချစ်က အလကားမရဘူး။
နင်ယုံလား…..
ကိုယ်ရေးရာဇ၀င်တစ်ခုကိုတောင်
ငါ့လက်နဲ့ ရေးဖို့ ဦးဏှောက်တစ်ခြား…စိတ်တစ်ခြား
နင်လှုပ်ခတ်ခဲ့တဲ့ကောင်
အခုတော့ ယိမ်းတိုက်နေမိတာ
အလွမ်း….တွေနဲ့ …
ဘယ်လိုလွမ်းရင်ကောင်းမလဲ မသိပဲနဲ့လေ။
အစရှာမရတဲ့ သံယောဇဉ်တွေက
နင်ရေးတဲ့ စာသားတစ်ချို့အောက်
ကြေနပ်ရမလိုလို……ကြေကွဲရမလိုလို
အလကားရတဲ့ သ၀န်တိုတိုနေတယ်။
ဘာဆိုင်လဲ…..(လက်ဖက်ရည်ဆိုင်)
ဘာလုပ်ခဲ့လို့လဲ…(ဟုက်ပါတယ်..ဘာမှမလုပ်ပါဘူး)
ဘာတွေကြောင်တာလဲ..(နင့်အတွက်တော့ ကြောင်တာပေါ့)
ငါ့အလွမ်း…
ငါ့အချစ်
ငါ့အသည်းကွဲမှု ဟာ
နင့်အတွက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း
နင့်အတွက်တော့ ထမင်းစားရေသောက်
နင့်အတွက်တော့ မကူးဘဲအလွတ်ရေးတဲ့ ကျူတိုရီရယ်သာသာ..
တကယ် နင်ရယ်ငါရယ်…သူငယ်ချင်းပါ
နင်က ငါ့ကိုမယုံကြည်တာကလွဲရင်…
ငါက နင့်ကို အရောင်တွေအကြောင်းမေးချင်တာကလွဲရင်
လွဲချက်တွေပဲကျတာက လွဲရင်..။
Comment #1
နှစ်သက်မိပါ၏ .. LIKE