အချစ်လို့ အခေါ်မခံရတဲ့ အချစ်
မမှတ်မိတော့တဲ့ နေ့တစ်နေ့ မှာ အချိန်တစ်ခုဟာ ငါတို့ ကြားထဲ ရပ်တန့် ခဲ့တယ်။
ဘာလုပ်နေလဲလို့ ငါစမေးခဲ့ချိန်ကစ ပြီး ငါဟာငါမဟုက်ခဲ့တော့ဘူး..။
ပေါ့ပေါ့ပါးပါးပျံသန်းဖို့ ရာ ငှက်တစ်ကောင်အတွက် လမ်းလျှောက်ခြင်းဖြစ်နိုင်တယ်။
ငါ့မသိမှုဟာ ဆက်ရက်နဲ့ ချိုး ပဲ ဖြစ်နိုင်တယ်….( ငှက်မှန်းတော့သိတာပေါ့လေ)
ပထမဆုံး ပျံသန်းခြင်း …ပထမဆုံး လမ်းလျှောက်ခြင်း…..မှာ
မက သင့်တဲ့ ပြဇာတ်ဟာ တစ်ဖက်သတ် အချစ် ပါမှန်း
စိတ်လွတ်ကိုယ်လွတ် မူးတတ်လာမှသိတယ်…..နင်သိနိုင်ပါတယ်..။
ငါ…ဆိုတာ မူးမှ ရည်းစားစကားပြောရဲ တဲ့ကောင်မှန်း
ကွာခြားချက် ဆိုတာ နင်နဲ့ ငါ့ အတွက်သီးသန့် အက္ခရာ မှန်း
ကုန်လွန်ခဲ့ချိန်တွေမှာပေါ့……တကယ် ငါမရိပ်မိနိုင်ခဲ့ဘူး..။
ဟားတိုက်ရယ်မောခဲ့ပါ…အခုချိန် ငါပြန်တွေးရင်တောင် မျက်ရည်ဝဲမိတယ်
ကမ္ဘာကျော် ဟာသ တွေပေါ့…
ဖြစ်နိုင်ရင် နားလည်ချင်မိတယ်….အသည်းကွဲကုထုံးကို
အလွမ်းကို မုန်းစေနိုင်တဲ့ ဓာတ်စာ နာကျဉ်တတ်ခြင်းကို….
ပေါ့ပေါ့ပါးပါးလေးပါပဲ…မျက်စိရှေ့က ပျံသန်းသွားတော့
ခဏတာ ပျံသန်းခြင်းပါလို့ တွေးရအောင် ငါကလေးဆန်ခဲ့ပါတယ်။
ခဏတာ နားခိုသွားတဲ့ အချိန်လေးတွေကို ရေတွက်ရင်း……
ငါ့အိမ်မက်တွေမှာ နင်နားလည်ဖို့ အဓိပ္ပာယ်မထွက်မှန်း
နာကျင်စွာနဲ့ သင်ယူနေခဲ့တာ အချစ်လို့ခေါ်တဲ့ ဘာသာရပ်ကို
အောင်ဖို့ မဖြစ်နိုင်မှန်း သိသိရက်နဲ့ ။
Comment #1
ကြိုက်တယ် ဗျာ ယူသွားပြီ