သတိရမိလေခြင်း ၂
ဟိုးအဝေးကြီး ဆီ က အသံတစ်စုံ ပျံလွင့်လာတော့
ပုံရိပ်တွေ မှုန်ဝါးဝါး ဝေကျလာကြ……
မီးတောက်တစ်ခုဟာ သမာရိုးကျ ပူလောင်လာတယ်။
ငါ တွေဝေစွာ လက်ခံ….တွေဝေစွာ အာရုံရိုက်ခတ်ခြင်းကို
သာသာယာယာ မျက်ရည်ခံထိုးမိချိန်တွေမှာ….
တစ်စုံတစ်ရာ ဟာ နားမလည်ခြင်းတွေဆီ ပျော်မွေ့နေတယ်။
အရိပ်အရောင် အရတော့ အချစ်…..
အကောင်အထည်အရတော့ ညီမျှခြင်းမဖြစ်ဘူး..။
ပြိုလဲကျလာတဲ့ အမှားက နင်ပျော်ရင်ပြီးပြီဆိုတာနဲ့
ကျိန်စာတစ်ခုလို ငါ့အိမ်မက်တွေကို ရောင်းစား
ကျဉ်ဆန် ရောင်းတာမဟုက်ပါဘူးတဲ့ ….
ဟုက်ပါတယ်လေ….အသက်တော့မသေဘူး….
စိတ်တစ်ခုပဲ မြောင်းထဲရောက်သွားရတာ….
မေးခွန်းလား……..ထင်မြင်ချက်လား..မသိ..
ငါ ရိုးသားစွာ ချစ်မိသွားတာကြောင့်သက်သက်။
အက်ကြောင်းထပ် နှုတ်ဆက်မှုဟာ
ငါသိပ်ကြိုက်လို့ မှ မဟုက်ခဲ့တာပဲ..။
ခြားနားချက်အနေနဲ့ မမေ့နိုင်တာပဲကွာတယ်။
ဦးတည်ချက်မရှိ…..
ပစ်မှတ်မရှိ………
အဓိပ္ပာ အနည်းငယ် ပဲ ရှိပါတယ်..(သူများတွေအတွက်)
ရေးမိတာ ကဗျာ…….
သတိရတိုင်း……..သတိရတိုင်း
သတိရတိုင်းရေး …
ဟိုးအဝေး ဆီက အသံတစ်စုံ ကိုနားထောင်ရင်းနဲ့
ပုံရိပ်တွေကိုစောင့်ကြည့်ရင်းနဲ့
မီးတောက်တစ်ခုကို မွေးမြူရင်းနဲ့
ငါ့အခန်းလဲ ရှင်သန်ခြင်းမဲ့…..။