မင်းဘယ်ဘက်ကိုယိမ်းမလဲ
ကိုယ့်လမ်းကိုယ်လျှောက်တာပဲ
သူများဘီလူးဆိုင်းတီးတိုင်း
လက်ခမောင်းထခတ်မနေတော့ဘူး……
အိပ်မက်ဆိုတာကြယ်တစ်ပွင့်ဆိုလည်း
ငါ့ကိုယ်ငါအငွေ့ပျံရင်း
မိုးထိအောင်လှေခါးထောင်မယ်…...
နတ်သမီးအပြုံးပန်းတစ်ပွင့်ဖန်ဆင်းနိုင်ဖို့
အရပ်ဆယ်မျက်နှာကိုလည်းစိန်ခေါ်ရဲတယ်
(တကယ်အရေးကြီးတာက)
မင်း……..ဘယ်ဘက်ကိုယိမ်းမှာလဲ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တကယ်အရေးကြီးတာက မင်းဘယ်ဘက်ကိုယိမ်းမှာလဲ
………………………………………………………
ကောင်းလိုက်တဲ့စာသား…..အားပေးသွားပါတယ်နော်