အဆုံးအစမရှိ
လေထုထဲ အောက်ဆီဂျင် ဘယ်သူထည့်ပေးထားတာလဲ
အသက်ရှုခြင်းဆိုတာ ထိန်းချုပ်ထားတဲ့ အရာလား.
ငါချစ်တယ်ဆိုတာ နင်သိရောသိရဲ့လား.
ရှေးဟောင်းပစ္စည်းအရောင်းပြခန်းမှာ ဈေးအနိမ့်ဆုံးက ငါ့အချစ်လား
(နင့်အတွက်)
မဖြေလည်းရတယ်။
မသိလည်းရတယ်။
မကြည့်လည်းရတယ်။
(ငါ့အတွက်)
ရိုးအစွာ တွေးခေါ်မှု နဲ့ လုံလောက်တယ်။
ဖြူစင်စွာ စဉ်းစားဖို့ ပဲ လုံလောက်တယ်။
တန်ပြန်သက်ရောက်မှု မရှိလည်း လုံလောက်တယ်။
အကြီးကြီး ချုပ်ထားတဲ့ အိတ်တစ်လုံးက လှနိုင်တယ်။
ဖွင့်ကြည့်လို့ မရတာ ပဲ အခက်
နင်စိတ်ကို ငါမသိသလို….
နင့်အပြုံးကို ငါ အဓိပ္ပာယ်မဖွင့်တတ်သလို…..
အမှန်ပဲ…………..
ငါအကြီးကြီးချစ်လိုက်တာ…ဒဏ်ရာတွေရဖို့
တစ်ဖက်ပဲ မြင်ရတဲ့ မှန်ကိုကြည့်ပြီး ပြုံးပြတတ်တဲ့ငါ
စာသားက ခေါင်းစဉ်တပ်လို့ မကောင်းဘူး
အမှိုက်ဗုံးတစ်ဗုံးလိုအပ်တယ်။
ငါ့အပေါစား ကဗျာတွေ လုံးချေထည့်လို့ရယုံ…
အမှိုက်ဗုံးတစ်ဗုံးလိုတယ်။
စိတ်တစ်ခြားကိုယ်တစ်ခြား
ဦးဏှောက်မှာမီးခိုးတွေကပ်လို့
ပြောသမျှ ရှေ့နောက်လွဲချက်ပဲကျ
ဒီနေ့ နဲ့ မနက်ဖြန် ကွာတော့ကွာမှန်းသိပေမဲ့
ဒီနေ့ ဟာဒီနေ့ ဖြစ်ပြီး
မနက်ဖြန်ဟာ မနက်ဖြန်ဖြစ်တယ်ပဲ ရှိတယ်။
စွန့်ပစ်ခဲ့တာ မဟုက်ပေမဲ့ လစ်လျူရူခြင်းမှာ
နေထိုင်ရတာ တကယ်မလွယ်ဘူး။
ပုံမှန်အတိုင်းသွားတော့သွားနေတာပါပဲ
ဂဏာန်းသွားပဲ သွားတဲ့ ငါ
သီအိုရီ အရ ထိုက်တန်သလိုတော့ ရှိ
ပြောင်းလဲပရစေဆိုတာတောင်
ပြောင်းလဲစရာ နတ္ထိ
ဒါ ဘာမှမဟုက်တဲ့ ပေါက်ကရကဗျာ
ထပ်ထည့်ဖို့ အိပ်ကပ်မပါသော သုည
လွမ်းလို့ သေသွား တဲ့ ကဗျာဆရာ အမည်ခံတစ်ယောက်ရဲ့
တိတ်တဆိတ် ကဗျာဓာတ်ပျောက်ဆုံးခြင်းပါ
မျက်ရည် အသွင်ပြောင်း အခိုးအငွေ့ စာသားများ
အဆုံးအစမရှိ။
Comment #1
:'(