နောက်ဆုံးသတိတရနှုတ်ဆက်ခြင်း
အချိန်တွေဟာနေ့ လည်သုံးနာရီကို
နောက်ဆုံးတစ်ခါပြန်သွားတာဖြစ်ပါစေ ။ ။
ငတ်မွတ်နေတဲ့ကမ္ဘာဦးတေးသွား
အဆိပ်သီးတစ်လုံးအား အစိမ်းလိုက်မျိုချ
အငမ်းမရစိတ်နဲ့ ချိုမြိန်မြ
တစ်ချိန်က ဒီဇင်ဘာကိုပဲ သတိတရနေဖြစ်တဲ့စိတ်
အစတုန်းကတော့ နွေလည်ခေါင်မှာတောင်အေးမြအောင်နေတတ်ခဲ့သေးတာပဲ
ဟိုး…ယခင် အိပ်ပျက်ညများ ဘာကိုမှမတွေးပဲနေလို့ ရချင်ရမယ်
နင်ဟာငါ့ဘ၀ပဲလို့  မတွေးပဲနေလို့ မတတ်ခဲ့
ဆေးစွဲသလိုစွဲနေခဲ့တဲ့ စိတ္တဇအိမ်မက်
ခုကျမှလန်းနိုး…ယောင်လို့ လဲ အော်မငိုဖြစ်တော့ပါဘူး ။
ပိုဝေးလို့ သာဝေးသွားတာပါ
ကျောမခိုင်းရက်ခဲ့တဲ့ ရလဒ်က
ရင်ဘတ်တစ်ခုလုံးနာတယ်မဆိုသာယုံပဲ
ဘ၀မှာနောက်တစ်ကြိမ်ဆိုတာ မရှိစေရ
အသိဥာဏ်နည်းပါးတဲ့ နှလုံးသား ဒီငမိုက်သား
အချစ်မှာအခါခါမသေရအောင် ကိုယ်တိုင်ကိုယ်ကျကြိုးစင်တက်လိုက်တယ်
အချိန်တွေဟာနေ့ လည်သုံးနာရီကိုနောက်ဆုံးတစ်ခါပြန်သွားတာပဲဖြစ်ပါစေ…။
ဇော်ဖိုး
……………..