Shutting Down
ခေါင်းမာမှု
ညောင်းညာနေသူခေါင်းတလား တစ်ခု
ငါနဲ့ ငါ့ရဲ့လက်တွေနဲ့
သူတို့ ပုန်းတဲ့နေရာတွေ….. ငါ
ထထအော်ပေးမိမှာပဲ
ကလေးလေးတစ်ယောက်
မီးခဲနင်းတဲ့အထီးကျန်ခြင်း
ခွေးရူးပြန်တဲ့စာသား
လူမမာရောင်နဲ့ဆေးပြား
အသံဆူလွန်းတဲ့အ,အပါ……..
စိတ်မရှိပါနဲ့
စိတ်ပျက်လိုက်ပါပြီ………..
ဘာကိုမှ မရှင်းပြချင်တဲ့တစ်ကြိမ်တစ်ခါဟာ
ငါ့ဆီ စွဲကပ်ပြီးသွားပြီ။ ။
ပန်ပါယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service