ဖြစ်ပျက်ခြင်း နဲ့ တစ်ထောင့်တစ်ည
ကျေနပ်စရာ အသင့်အတင့် က နေ့ ရက်တွေပေါ် ကခုန်နေတယ်။
ကိုယ့်အိုးနဲ့ ကိုယ့်ဆန်ကတော့ လုံလောက်….
အပူအပင်ဆိုတာ လူငယ်ဆိုတာနဲ့ လန့်ပြေးသွားရ…
အလိုက်သင့်လေး မျောပါနေယုံ….တိမ်လိုလွင့်….
မှိုလိုပေါက်နေတဲ့ အသစ်အဆန်း တွေကို လျစ်လျူရူဖို့
ခေတ်ကလက်မခံတော့လည်း……
လိုချင်မှု တွေက လိုက်မမှီအောင် အပြေးမြန်နေတယ်။
စုပုံထပ်နေတဲ့ လိုအပ်ခြင်းဟာ…..
ကောင်းကင်တစ်ခုလုံးထွန်းလင်းလို့
မနက်လင်းတိုင်း ဘ၀င်မကျအောင် ဆေးထိုး
အဆင်မပြေဘူး…အဆင်မပြေဘူး..။
ကြာရင် မလွယ်ဘူး….အဖြူရောင်ကိုရွေးချယ်ဖို့
နှစ်သက်စရာ ရိုးသားခြင်းတွေ ပျောက်ဆုံးတော့မယ်။
ရေတိမ်နစ်ရင်တောင် ကယ်မဲ့ လက်တစ်စုံမဲ့
ခေတ်ကရေးတဲ့ သမိုင်းကဒါလား…
ရေဆန်ကိုဆန်တက်ဖို့ အပေးအယူအနေနဲ့
ညင်သာစွာ နုံအပါရစေ…..
တစ်ခါ…နှစ်ခါ….သုံးခါ…ဖြစ်ပြီးပျက်ဆိုပေမဲ့
တည်ဆောက်ထားတဲ့ ယုံကြည်…နားလည်…အလိုက်သိမှုကိုတော့
ဘာနဲ့ မှ လဲဖို့ စိတ်ကူးမရှိ….
ပျက်စီးခြင်းတွေမှာ …ပျက်သုန်းခြင်းတွေမှာ
စိတ်ဓာတ်ကိုတော့ အပေါင်မထားချင်ဘူး။
ဘာတွေဖြစ်ချင်လဲ…..ဘာတွေလုပ်ချင်လဲ..
သစ္စာတစ်ခုပါပဲ…
ဒါသစ္စာတစ်ခုပါပဲ….
သေဆုံးချိန်ရောက်သည့်တိုင်….။