မိုးများရေရှားသမုဒယမျက်ဝန်း
ဝှေ.ယမ်းပွေ.ဖက်
မသိစိတ်နဲ.ပြုံးပျော်နေတဲ.မျက်နှာတွေ
နွမ်းခြောက်
ဝမ်းနည်းပက်လက် ကြေကွဲဖွယ်
နာကျည်းမှုတွေကြား
ငါတို.ရဲ.အတွေ.အထိခံစားမှုတွေ
လေမှာလွင်.၀ဲ
အရာရာဟာပကာသနဆိုရင်
ငါ.ကိုမချစ်ပါနဲ.တော………..
တွေးနေမှာလား
ငေးနေမှာလား
အရာရာဟာမတည်မြဲဘူးဆိုရင်လည်း
မနက်ဖြန်အတွက်ငါ.ကို
ရေတစ်ခွက်လောက်တိုက်ပါဦး……
အဲ.သလို
ငါတို.ရပ်ဝန်းဒေသမှာ
မိုးများပြီးရေရှားတယ်
ကြင်နာပါဦး..စာနာပါဦး
ဂရုဏာတေးအပြိုင်ရွတ်ကြ
သမုဒယမျက်ဝန်းတွေနဲ.
မသိမသာရှောင်ခွာပြေးကြ
နောက်ဆုံးတော.လည်း
မသကာဆွမ်းလေးနဲ.
ကျေးဇူးတင်ပါတယ်ပေါ.။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service