ကိုင်းဖြတ်ပြုပြင်ရအောင်မင်းကသစ်ပင်မှမဟုတ်ဘဲ
အရှိကိုအရှိအတိုင်းလက်ခံနိုင်ဖို့
တရားနည်းနည်းပဲလိုအပ်ပါတယ်….
ခူးပြီးပန်ရအောင်မင်းကပန်းတစ်ပွင့်မှမဟုတ်ဘဲ
လေပြင်းဒဏ်ကြောင့်လွင့်လာခဲ့ရင်တော့
ငါ့လက်ဝါးဖြန့်ပြီးခံထားပါရစေ
အဲဒီ့နေရာဟာ
မြေပြင်ထက်တော့နဲနဲပိုမြင့်တယ်လေ……
မင်းဘ၀ကိုမင်းကြိုက်သလိုကပါ
လက်ခပ်တီးမယ့်သူတွေလည်းရှိမယ်
ခဲနဲ့ပေါက်မယ့်သူတွေလည်းရှိမယ်
ကော်ဆဲမယ့်သူတွေလည်းရှိမယ်
ဒါပေမယ့်မကြောက်ပါနဲ့
အဲဒါကိုလောကဓံလို့ခေါ်တယ်……...
ကကြီးခခွေးဘယ်လိုရေးတယ်ဆိုတာ
သင်ရမယ့်အရွယ်တွေမှမဟုတ်တော့ပဲ
ခေါင်းမော့ရင်ကော့ပြီးလမ်းလျှောက်ကြရအောင်
တစ်ခုတော့ရှိတယ်
ဆူးညှောင့်ခလုတ်တွေကိုတော့
လိုအပ်ရင်အပေါ်စီးကငုံ့ကြည့်တတ်ရလိမ့်မယ်…..။……..။
Comment #1
တယောက်သော သူအတွက်အားမာန်တခုပါ:)