ကြယ်ကြွေမှတ်တမ်း
ကြယ်ကြွေညမှာ
သူမကိုသတိရတဲ့ အခါတိုင်း
မျက်ရည်ပူတွေကျနေမိတယ် …
သူမနဲ့ ကျွန်တော် သိပ်မသိပေမဲ့ 
မျက်ဝန်းချင်းဆုံရင်
မခို့ တရို့ လေး ပြုံးပြတတ်တယ် …
သူမက …
ကြယ်ကလေးတွေလိုပဲ
ကောင်းကင်ကြီးနဲ့  တိုင်ပင်တဲ့ အခါ
ဟိုတစ်နေရာ ဒီတစ်နေရာ
သူမမျက်နှာပေါ်လာတတ်တယ် …
စကြာဝဋ္ဌာထဲ
ခရီးထွက်တဲ့ အခါတိုင်း
သူမ မသိမသာလေး
စွဲညှိလို့ ပါလာခဲ့တယ် …
သိပ်လှတာပဲ
မိုးစက်ကလေးတွေ
သူမဆံပင်မှာ တွဲလောင်းခို
အလွမ်းရိပ်တို့  ထိုးတတ်လာခဲ့တယ်
အဲ့တစ်ညပဲ သူမကိုဖတ်ထားခဲ့ရဖူးတယ် …
လွမ်းတာရှည်တဲ့ 
ဆောင်းလေပြေထဲ
သတိရနေတာ တော်တော်ကြာပါပြီ …
ဖုန်းထဲက ဓာတ်ပုံသေးသေးလေးကလည်း
ဒီဇင်ဘာကိုငြိမ်အောင်ထိန်းမထားနိုင်ဘူး …
ဥသြငှက်တို့ ကလည်း
ချစ်သူချော့ တေး
ဆိုညည်းပေးတော့
နွေရာသီဟာ
ခံနိုင်စရာမရှိတော့ပါ …
ငါတို့ ဒီညထပ်မတွေ့ ရတော့ဘူးလို့ 
အမှာစကားပါးတဲ့ အခါ
ငါ့နားပတ်ပတ်လည်မှာ
တိတ်ဆိတ်ငြိမ်သက်
ကြယ်တစ်လုံး ငါ့လက်ပေါ်ကြွေကျသွားခဲ့တယ်
ဘယ်တတ်နိုင်မလဲ
အချစ်ကိုနှိုးဆွပြီးမှ
တာ့တာပြသွားခဲ့တာပဲ
ဘယ်သူခံနိုင်မလဲ … ။
Comment #2
🙂
Comment #5
Welcome
Comment #6
မွှေနှောက်ဖတ်နေပါကြောင်း
Comment #1
ဘယ်သူမှမခံနိုင်ဘူး