စိန်ခေါ်တယ်
ငါ့ ရင်ခုန်သံတွေ စွန်းထွက်နေတုန်းက
ဥပက္ခာတွေ ချကျွေးခဲ့တာလဲ နင်
ငါ့ ရင်ခုန်သံတွေ လျော့ချခဲ့တော့လဲ
မင်းမှ ငါ့ကိုမချစ်တာလို့ တံဆိပ်ကပ်ခဲ့တာလဲ နင်
မင်းတစ်ယောက်တည်းပါ ငါ့ကမ္ဘာဆိုလို့
နှစ်ယောက်တစ်ကမ္ဘာတည်ထောင်
ငါ့အိပ်မက်တွေ အသက်သွင်းပေးခဲ့တာလဲနင်
အိပ်မက်ကနိုးချင်ပီ မင်းကိုချစ်တာသေချာရဲ့လား လို့
နင့်ကိုယ်နင်ပြန်မေးခွန်းထုတ် ကမ္ဘာပါဖြိုချဖို့ ကြံရွယ်ခဲ့တာလဲ နင်
မင်းပဲ ခဏခဏအချိုးပြောင်း.မင်းဘာဖြစ်ချင်တာလဲလို့မေးခွန်းပြန်ထုတ်
နင့်ကိုယ်နင်ရော သိသေးရဲ့လား
အမေးရှိလာရင် အဖြေရှိလာတော့မယ်လေ
ငါ…နင့်…..ကို …..
စိန်…
…….ခေါ်….
…………….တယ်…..ချစ်သူ…….I dun want u anymore
အလံဖြူ မပြကြေး မကြေအေးကြေး
သူရှုံး ကိုယ်ရှုံး …..
သစ္စာပြိုင်ဖောက်ကြတာပေါ့ ။။။။။။။
သံယောဇဉ် (စိန်ခေါ်တယ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခေါ်တယ် (စိန်)