ဝင်ရိုးစွန်းဆီမှ နွေဦးပေါက်ည (သက်ထွေး)
ရိုးတံကျဲ
အိပ်မက်တွေကြား
ပျော်ကာနေပါရဲ့လားတဲ့ ..
……………..
……………..
ဆည်းဆာကို
ဖျောက်ပစ်ခဲ့တဲ့
လမိုက်ညလိုပဲပေါ့
ကလေးရယ် …
ဝင်ရိုးစွန်းဆန်တဲ့
မနက်တွေကို
ကော်ဖီခါးတစ်ခွက်နဲ့
ဖြေသိမ့်နိုင်ခဲ့ပေမဲ့
မင်းဘက်က
စိမ်းရက်မှုတွေကြား
ကိုယ့်ကိုယ်ကိုဘယ်လို
ခါးသက်ပေးရမှန်း နားမလည်နိုင်ခဲ့ ..
ဒီလိုနဲ့ပဲ
လက်ကျန် အဆင်းအမှောင်ခါးခါးနဲ့
ကိုယ်
အိပ်တန်း ပြန်လည်တက်ခဲ့ပါတယ်
နွေဦးပေါက်
ကဗျာတစ်ပုဒ်လို
အမြဲတမ်း နွမ်းနေရမဲ့ဘဝ
ယဉ်ကျေးမှုဆိုတဲ့
မျက်လုံးမျိုးနဲ့
အသည်းကွဲခြင်းကို
အသေအချာ
စောင့်မကြည့်ပါနဲ့ …
ထိုးမြဲလက်မှတ်ကို
ခွဲခွာခြင်း သင်္ကေတအဖြစ်
လွှင့်ထူကြပါစို့
ပိတ်နှောင်ခံ
အလွမ်းနဲ့
ကျေနပ်ခဲ့ရတဲ့
လူငယ်တစ်ယောက်ရဲ့
ဈာပနမှာ
မျက်ရည်တို့
မစည်ကား အပ်လောက်ပါဘူး ။
သက်ထွေး
၂၈ ဖေဖေါ်ဝါရီ ၂၀ဝ၉ မနက် ၁၀း၄၅
Comment #3
ဒီကဗျာကို ကျွန်တော် yamc မှာတွေ့လို့ ဖတ်ကြည့်ရင်း အကို့ကဗျာတွေ ဖတ်ချင်သေးလို့ လိုက်ရှာရင်း ဒီကိုရောက်လာတာ။ ဒီကဗျာနဲ့ ကျွန်တော်ရဲ့ ခံစားချက်နဲ့ တစ်ထပ်ထဲပဲ။
Comment #9
sa karr lone a g g tway ne ,,,,
pyu sarr naing lun hla de,,,
Comment #1
ဒီလိုနဲ့ပဲ
လက်ကျန် အဆင်းအမှောင်ခါးခါးနဲ့
ကိုယ်
အိပ်တန်း ပြန်လည်တက်ခဲ့ပါတယ်
One word to describe this : 8pote! 😛 hehehe.. jk 😀
နွေဦးပေါက်
ကဗျာတစ်ပုဒ်လို
အမြဲတမ်း နွမ်းနေရမဲ့ဘဝ
ယဉ်ကျေးမှု့ဆိုတဲ့
မျက်လုံးမျိုးနဲ့
အသည်းကွဲခြင်းကို
အသေအချာ
စောင့်မကြည့်ပါနဲ့ …
I like this one!
ဟီးဟီး.. ကွာရှင်းတာပဲလားကွ.. အဟင့်..။
မိုက်သဗျ..