ငမိုက်သား
ကွမ်းတစ်ရာ ရေတစ်မှုတ်နဲ့
ချေမှုန်းဖို့လာတဲ့ နတ်ဘုရားမလေးရေ ……
နှုတ်ခမ်းဖျားထက်ကပျားရည်စက်ကို
သေမယ်မတွက် ချိုတယ်အမှတ်နဲ့စားခဲ့မိသူငါ
အခုတော့လည်း …..
လက်နက်တွေမယူခဲ့ရင်တောင်
အပြုံးတုတစ်ခုနဲ့တင် သေနှင့်ခဲ့ပါပြီအရှင်
အားမနာခဲ့ပါနဲ့
သွေးစွန်းမယ့်သခင်မလက်တစ်စုံအတွက်
ကိုယ့်ကိုယ်ကိုစီရင်ခဲ့ပါမယ့် …
ဒါပေမဲ့ …
ဘ၀ကူးဖြောင့်စေဖို့
လည်ပြန်အကြည့်တစ်ချက်ပဲ
ပေးသနားခဲ့ပါလေ ……….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service