အဖြေမလိုချင်သောမေးခွန်း
စိတ်ကူးတောင်ပံမဖြန့်နိုင်ခဲ့ဘူး
ဘ၀ကရုပ်ဆိုးတယ်
အတုံးလိုက်အတစ်လိုက်ပဲ..နောင်တတစ်ခုကောက်ဝါး
ခပ်ထူထူသုတ်လိမ်းထားတဲ့ ရင့်ကျက်ခြင်းမှာ
ခေါင်ခိုက်လွန်းတဲ့ အတွေးတစ်စရစ်ဝဲ
အနာလည်းသိ ဆေးလည်းရှိတယ်
ဒါပေမယ့်..အနာလည်းမကျက် ဆေးလည်းထပ်မ၀ယ်နိုင်ဘူး
ဆိုးတယ် ။ ။
ဆိုက်ပရပ်စ်လင်း ၂၀၁၃
[email protected]
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service