တစ်ခုလောက်တော့ မေးချင်တယ်…
တချိန်က မင်းနဲ့အတူတူပျော်ခဲ့ဖူးတဲ့
အချိန်တွေ၊ စကားသံတွေ၊ ပုံရိပ်တွေ
တစတစနဲ့ ငါ့နှလုံးသားကို
ဂျောင်ပိတ်ပြီး အမိဖမ်းသလို
နှလုံးသားကို အမုန်းဆိုတဲ့ ဓားနဲ့
မွှန်းနေသလိုပဲ လူးလိမ်ခဲ့တဲ့ ညကလည်းမနည်း
အတောမသတ်သေးတဲ့ ဒဏ်ရာဟောင်းက
အနာစိမ်းလို အရှုးပြန်ထနေပြီ…..
ငါကဘဲ ရှုးနေပြီးလား…
ပြန်ချစ်ရမလား၊ လွမ်းနေရမလား
ဘာဆိုဘာမှမသိတော့ လောက်အောင်
ဖမ်းယူစားသုံးနေတဲ့ အတိတ်ဟောင်းရယ်..
ကဗျာဆန်တဲ့သူရေ မင်းမရှိတော့
တစ်ယောက်တည်း အထီးကျန်ဆန်စွာနဲ့
အဖော်မပါ တစ်ယောက်တည်း
ပေးခဲ့တဲ့ အနမ်းတွေက တပွေ့တစ်ပန်းကြီးနဲ့
ဒီဇာတ်ကို ဘယ်လိုဇာတ်သိမ်းမလဲ…
ကိုရီးယားကားတောင် နောက်ဆုံး
မင်းသားနဲ့မင်းသမီး ညားကြသေးတာပဲ
ဘာလို့ ငါတို့နှစ်ယောက်ကျမှ
ရေမြေခြားတွေ ခြားပြီ
အလွမ်းနဲ့ အဆုံးသတ်ရတာလဲ
ငါဘက်ပဲ မှားလို့လား…
လိုလေသည့်မရှိအောင်
ငါဘ၀တစ်ခုလုံးကို နင့်လက်ထဲကို
ပုံအောပြီး လောင်းကြေးထပ်ခဲ့တာပဲ
ထားပါတော့ကွာ…ငါဘက်ကပဲမှားတာပဲလို့
ဒါပေမဲ့ဟာ…….
ငါတို့နှစ်ယောက်ကြားက
နားလည်မှုတံတိုင်းကြီးက
တနေ့တခြား ပိုလို့ကြီးလားခဲ့လို့လဲ
တစ်ယောက်တစ်နေရာဆီ ရောက်ခဲ့ပြီပဲလေ
ဘာတတ်နိုင်ဦးမလဲ….
ဒါပေမဲ့ အရင်က မင်းအပြုံးလေးနဲ့
ရယ်သံလေးတွေက နားထဲမှာစွဲနေတော့
ငါနှလုံးသားက
အတိတ်ဆီကို ပြန်သွားနေတယ်..
ငါတစ်ခုလောက်တော့မေးချင်တယ်…
မင်းရော လိုက်နိုင်ဦးမလားလို့
မေးချင်သေးတယ်…
ရည်းစားနဲ့ပြတ်သွားသော အတွဲလေးများအတွက်ပါ…
စိုး..