လွတ်ကျသွားတဲ့ အမှန်တရား (သက်ထွေး)
(၁)
နွေကို
ဖန်ဆင်းတာ
ဆောင်းလို
မအေးစက်တတ်ဖို့တဲ့
မနက်ကရွာသွားတဲ့
မိုး
အငြိုးတွေပါတယ် မေမေ …
အတ္တကို ခြုံမှ
နွေးမယ်ဆိုရင်တော့
ကျွန်တော်
အေးလဲ အေးပါစေတော့ …
(၂)
ပန်းတိုင်ကိုတည်
လက်ဆယ်ချောင်းထောင်ပြီး
လက်ငါးချောင်းကို
စိတ်မှာ မှတ်ခဲ့ပါတယ်
မေမေ …
ဘဝကို
ဝှေ့ယမ်း
နှုတ်ဆက်ရုံ
သက်သက်ဆိုရင်တော့
ကျွန်တော်
တကူးတက
မထက်မြက်ချင်တော့ဘူး …
(၃)
တစ်ထောင့်တစ်ည
မမက်ချင်တာနဲ့
အိပ်မက်တွေကို
လက်ထိုး အန်ခဲ့တယ်
မေမေ …
မင်းသမီးလေးနဲ့
ထိမ်းမြား ဖို့
အိပ်ရေးပျက် ခံမနေတော့ဘူး …
(၄)
ကိုယ့်ကိုယ်ကို
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …
ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …
(၅)
ခရာမှုတ်ပြီး
ပွဲသိမ်းလိုက်ကြစို့ရဲ့တဲ့ ..
လွတ်ကျသွားတဲ့
အမှန်တရားက
တခါတလေတော့လည်း
ခါးတယ် မေမေ ။ ။
သက်ထွေး
၁၇.ဝ၆.၂ဝ၁ဝ မနက် ၈းဝဝ
Comment #8
ပထမ အပိုဒ် ကြိုက်တယ် Bro ရေ
Comment #10
မိခင်ခြုံတဲ့ ရင်ခွင့်
နွေနှင့် ဆောင်းအတွက်….
ဖခင် ကာတဲ့ ခွန်အား
မိုးအတွက် အထောက်အကူ ဖြစ်မှာပါ
ဒီခြုံစောင်နဲ့ အကာတွေ
ကူကာထောက်လို့
ပန်းတိုင်ကိုလှမ်း
မင်း အရောက်သွားနိုင်ပါစေနော်……
Comment #11
တော်တော်ကြိုက်တယ်….တစ်ခါတည်းဖတ်ဖူးရုံနဲ့ တစ်သက်လုံးအမှတ်ရစေမယ့်..ကဗျာလေးပါ…………
Comment #14
ကဗျာလေးက ဖတ်လို့အဆင်ပြေပါတယ်။လူငယ်တစ်ယောက်ရဲ့ခံယူချက်ပေါ့။တာရာမင်းဝေရဲ့ရေးဟန်နဲ့နည်းနည်းဆင်တယ်။
Comment #15
အငွေ့ပြောသလိုပါပဲ…သူများတွေရေးစရာစကားလုံးကိုမရှိတော့ဘူး….
လေးစားပါတယ်ဗျာ…မနာလိုတော့မရှိပါဘူး…
အဲလို…ထိထိမိမိလေးတွေ..i wish i could…ပါ…
လေ့လာသင်ယူနေဆဲမို့..
မြင်ဆရာတွေအားလုံး…
လေးစားအားကျလျက်ပါလို့…
Comment #16
ကြိုက်လွန်းတယ်
Comment #17
ဆက်ရေးရင် ပိုကောင်းမယ် ထင်တာပဲ။
Comment #18
ကိုသက်ထွေး…အကိုကဗျာလေးတွေက အရမ်းကြိုက်တယ် တော်တော်လဲ heart ထိတယ် နောက်ကဗျာတွေထပ်ရေးနော် အကို့ 
ကိုအားကျတယ်
Comment #20
7 stars. =)
Comment #21
ကိုယ့်ကိုကိုယ်
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …
ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …
ကြိုက်တရ်ဆိုတဲ့ စကားထက်လေးနက်တဲ့စကား၇ှိရင် ပြောချင်ပါသေးတရ်
Comment #22
ကိုသက်တကယ်ကောင်းတယ်ဗျာ
ကျနော်အားကျတယ်
နှလုံးသားမှာ တသက်တာမှတ်ထားလိုက်ပါပြီ
အားပေးနေပါတယ်
အောင်မြင်ပါစေ
Comment #23
ayan mote tae ako ….
Comment #24
ako yay face book mhar ako name nae bae tin kwint pyu par khin byar..me poem twae lae way phan pay boe welcome lote par dae…..facebook nick=samurai nyan
Comment #27
အတ္တကို ခြုံမှ
နွေးမယ်ဆိုရင်တော့
ကျွန်တော်
အေးလဲ အေးပါစေတော့ …
(အဲအပိုဒ်ကို အကြိုက်ဆုံးပါရှင်.. copy လုပ်သွားပါတယ် ရှင်) 🙂
Comment #29
တစ်ထောင့်တစ်ည
မမက်ချင်တာနဲ့
အိပ်မက်တွေကို
လက်ထိုး အန်ခဲ့တယ်
မေမေ …
မင်းသမီးလေးနဲ့
ထိမ်းမြား ဖို့
အိပ်ရေးပျက် ခံမနေတော့ဘူး …
ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …
so liking brother ……တခါတလေ ဆီမထည့်ပဲ ငွေထည်.မောင်းမှ ရတဲ့ အထက်တန်းစား ကားတွေအတွက် အန်ကယ်ကြီးမျက်နှာဖုံးပေါ်ကရမ္မက်တွေကို ငွေစက္ကူ တွေကြားမှာ နစ်မျောနေဆဲ ဝေခွဲလို. အခုထိမရကြသေးဖူးအကို …………….
Comment #30
တော်တော်ကောင်းတဲ့ ကဗျာလေးပဲ….ခိုင်းနှိုင်းသွားတဲ့ စကားလုံးတွေ တော်တော် အသက်ဝင်တယ် ကိုသက်…လေးစားပါတယ်…
Comment #31
ခုမှ ဒီ site ကိုလာလည်ဖြစ်တာမို့ comment ပေးရလောက်တဲ့ထိတော့ အဆင့်မမှီပါဘူး ဒါပေယ့် ပေးလို့ရမယ်ထင်လို့ နည်းနည်းတော့ ပေးခဲ့တယ်နော်
့် Poem ရေးတယ်ဆိုတာ လက်နှစ်ချောင်းကွေးရုံနဲ့ ရတာမှမဟုတ်တာ ရင်ဘတ်နဲ့ရင်းပြီးရေးရတာလေ ဒါကြောင့် လွယ်တော့မလွယ်ဘူး so I respect all of poets in this site.
Comment #33
အကိုအရေးအသားတွေကို ကြိုက်တယ်ဗျာ..
Comment #34
အရမ်းကြိုက်တယ်
Comment #1
“ကိုယ့်ကိုကိုယ်
ပြန်မျှားဖို့
ကိုယ်ကြိုက်တဲ့အစာ
ကိုယ်ရှာမှရမယ်တဲ့
မေမေ …
ငွေနဲ့ကျောင်းမှ
မောင်းမယ့်ကား
ခရီးတွေ
မှားလည်း မှားပါစေတော့ …”
ကြိုက် ပါ တယ် ဆို တာ ထက် ပို ပါ တယ် ။ 😉