နောက်ကျနောင်တ
ကောင်မလေးရယ် မင်းပြောတဲ့စကား
ရိုးရိုးသားသားပေမယ့် ငါ့ရင်ကိုထိုးနှက်
ငါ့နှလုံးသားကို ကွဲအက်စေခဲ့တယ်
ငါပြောတဲ့ငါ့ချစ်သူနဲ့ မင်းပြောတဲ့မင်းချစ်သူအကြား
ကွဲပြားခဲ့တာ မင်းသိပါလေစ………
တကယ်ပါ…မင်းကိုချစ်တယ်ဆိုတာ
မင်းနဲ့ဝေးသွားမှသိလိုက်ရတဲ့ ငါ့ဘာသာစကားပါ
သိသိချင်းပဲဖွင့်ပြောမယ်ဆိုတော့မှ
မင်းငါ့ကိုပြောခဲ့တာ မင်းမှာချစ်ရသူရှိနေပြီတဲ့လားကွာ
ငါလေမကြားရက်ခဲ့ပေမယ့် မင်းရှေ့မှောက်ဒူးထောက်
ရူးလောက်တဲ့ ငါ့အချစ်တွေ…..သိမ်းဆည်းရင်း
အပြုံးတစ်ချက်မပျက်ခဲ့ပါဘူး…..
မင်းစိတ်ချမ်းသာဖို့သာ…စဉ်းစားရင်း
မင်းချစ်သူနဲ့မင်းဆုံစည်းနိုင်အောင် ငါကြိုးစားပေးခဲ့ပါတယ်
မင်းကမင်းချစ်သူနဲ့ပျော်နေချိန်ပေါ့….
ငါကတော့ ဘီယာသောက်ရင်းအသည်းကွဲဒဏ်ရာကို
ဖြေဖျောက်နေတာ…
“ဘာလို့အရက်သောက်တာလဲ”တဲ့
မင်းလေးသာသိနိုင်မယ်ဆိုရင်
မင်းမေးတာလေ ငါလေပြောပြချင်ပါတယ်
မင်းကိုငါဘယ်လောက်ချစ်လဲဆိုတာ…………………..
Comment #1
(:(