Titleless
နားလည်မှုနဲ့ တည်ဆောက်ချင်ခဲ့တယ်.
အပေးအယူတွေမျှတချင်ခဲ့တယ်.
ပိတ်ပင်မှုတွေနဲ့
ငါ့အချစ်ကို ငါ
လှောင်ချိုင့်ထဲထားတာ ငါပြန်မုန်းတယ်။
လှစ်ဟပြလိုက်တဲ့ ငါ့ချစ်ခြင်းကို
နင်မသိခဲ့ဘူးနော်.
အသိုင်းအ၀ိုင်းတစ်ခုလုံးထင်တာ
ငါ ယုတ်ညံ့ခဲ့တယ်ပေါ့.
မဟုတ်ရပါဘူးကွယ်. ငါ့မြတ်နိုးခြင်းတွေ
ငါ ကိုယ်တိုင်ပဲ
မထိန်းချုပ်နိုင်ခဲ့တာပါ.
မင်းကိုစောင့်ကြည့်ရင်း
ငါ့ ရင်တွေပူခဲ့. လောင်ခဲ့ရတာလည်း အခါခါ
ကြွေမှာစိုးတဲ့ ဒီပန်းကို
ငါ မြတ်နိုးလို့လေ
ဒီတစ်ခါလောက်များ
အခြေအနေပေးခဲ့ရင် ခွင့်တိုင်ပြီးတော့
မြတ်နိုးပါရစေ.
ကောင်မလေး.. ရယ်
ဒီအချိန် ဖြစ်လာပါ့မလားလို့
ပူလိုက်ရတာ.
တမင်ဖန်တီးယူတာမဟုတ်ပေမဲ့
ရင်ခွင်တစ်ခုကိုတော့
ငြိမ်းချမ်းစွာ လိုအပ်တာ တစ်ကယ်ပါ.
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တော်တော် အတ္တများတဲ့ BT ..
ငါဆိုတာချည်းပဲ ရေးသွားတယ်..
အဟိ