Professional Authors

ဝေလေလေ

ဝေလေလေ

ကိုယ့်အတွက်သာ ကိုယ်
မနာလိုစရာမရှိ
တပ်မက်ခြင်း နတ္ထိ။

အမှန်တရားဆိုးဆိုး
ဘဝတစ်ခုတန်ဖိုးက
သူ့အရွယ်အစားနဲ့
တိုက်ရိုက်အချိုးကျသတဲ့
ဆိုးလှတဲ့ ဖြစ်တည်မှုကို
ဤကုသိုလ်အကြောင်းပြု
ငါတောင်းဆုမပြည့်ချင်တော့ပါဘူး
မနေတာပဲကောင်းမယ်။

ရှက်စိတ်တစ်ခု
သိပ်ငယ်မှုကိုထပ်ပေါင်းရင်
ရောင်းတမ်းဝင် အရိုင်းအစိုင်းတစ်ပုဒ်
ငါရေးထုတ်နိုင်လောက်ရဲ့။     ။
 
                                       ဇင်သူ(civil)

In: ကဗျာ Posted By: Date: Sep 18, 2013
Comment #1

ကိုယ့်အတွက်သာ ကိုယ်
မနာလိုစရာမရှိ
တပ်မက်ခြင်း နတ္ထိ။(မိုက်တယ်ဗျာ)

commentinfo By: mote soe at Sep 18, 2013
Comment #2

ကျေးဇူးပါ

commentinfo By: zinthu at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment