တစ်ကိုယ်တော်လမ်းခွဲ
အိမ်ပြန်ချိန်တဲ့လား ?
နာကျင်လိုက်တာချစ်သူရယ်
မင်းလက်ဖမိုးလေးငေးမောရင်း
မျက်ဝန်းထဲမှာငွေ့ရည်ဖွဲ့
ငါလေ …….
ဒီညနေတွေကိုမုန်းမိတတ်လာပြီ
မှုန်ရီဝိုးတ၀ါး
သူထွက်သွားတဲ့ကျောပြင်လေး
ငေးမိတယ်ဆိုရုံလေးနဲ့
ရင်ထဲမှာတဆစ်ဆစ်နာတယ်မေ …..
သိနှင့်ပြီးသားပါ
မကြာခင်ကျောခိုင်းသွားတော့မယ့်
ငါ့ရဲ့ တစ်ထောင့်တစ်ညမင်းသမီးရေ ……
နင့်ပခုံးလေးတွေထက်မှာ
ခဏတာမှေးစက်ခွင့်ပြုပါလော့
နင်ပြန်မယ့်လမ်းတစ်လျှောက်မှာ
ငါ့အသည်းတွေခင်းကျင်းထားပါ့မယ်
ကြိုက်သလိုနင်းဖြတ်သွားပါလေ
မသွားခင်ထားခဲ့မယ့် အနမ်းတချို့နဲ့ပဲ
ငါလေ …
ပျော်နေခဲ့ပါ့မယ်
နင့်ရဲ့အပြုံးတွေနဲ့
ဒီညတစ်ခုလုံး လွှမ်းခြုံပေးခဲ့ချင်ပေမယ့်
ငါ့အတွက်တော့လေ
နမ်းရုံလေးနဲ့တင်ပဲ ကျေနပ်ခဲ့ပါ့မယ် …….