* ၂၀ ကျော် (၃) *
သိတယ် မဟုတ် လား…..
မာန တော့မလျှော့ ဘူးလေ…..
ပြောတတ်မယ်ဆိုရင်…….
ဘုရားရှေ့က ခြင်္သေ့ရုပ်တွေလို….
ရုပ်တည်တည် ကြီး နဲ့ ဖြဲ ဟောက်နေ တာ…..
ပြီးတော့….သူ့ကိုယ်သူ ဒေါင်းအမြှီးလိုပြန်ချ ပြရဲ့
(၂၀) ကျော် ဆိုတာ…လူလောက ကြီး ထဲ
အပ်ဖျားတစ်ထောက်စာ နေရာ ရဖို့ ရုန်း ကန် လှုပ်ရှားရတာ ဆိုရင်….
အဲဒီ အပ်ချောင်းတွေ ပေါ်မှာ.. သူ့ကျော ရေခွံကို
အမဲလိုက်ဂုဏ်ပုဒ်တစ်ခုလိုချိတ်ဆွဲ ထားရဲ့
အကယ်၍ မင်းမှာ အတွေးတစ်စ ရှိမယ် ဆို ပါ ဆို့
အဲဒါ ကို မင်း ကဗျာ လုပ်စက် ထဲ ထည့်လိုက်
မင်း လောက် ဓံ (၈) ပါးကို ရင်ဆိုင် တတ်သွားမယ်….
ငွေနှစ်ရာနဲ့ အသက်ရှင် တတ် သွားမယ်
bus ကားခ မရှိ ပဲ အိမ်ပြန်တတ်သွားမယ်….
ပြီးတေ့ မင်း ပလက် ဖောင်း တွေ ကို ..ချစ်တတ်လာမယ်…
မိန်းမတစ်ယောက်ရဲ့ ဆာလောင်မွတ်သိပ်မှုကို သိ သွားမယ်
သူငယ်ချင်းအဟောင်းတွေကို ပြန် သတိ ရလာမယ်…..
လူငယ်တွေ လစ်ဘရယ်ဝါဒကို ယုံကြည်တာ…မဆန်းပါဘူး မြမေချိုရယ်
ခင်ဗျား ဟာ စီး ကရက် တစ်လိပ် ခဲပြီး
စီးကရက် မီးခိုးတွေလို ပြန် ထွက်သွား တာပဲ
ပြီးတော့.. အဲဒါ ကို
အဆုပ်၂ခြမ်းရဲ့ ရေ၀င်ရေလဲ နေရာ မှာ သိမ်းဆည်း ထားလေရဲ့
လူဆိုတာ နာမည် ကြီး ဖို့
အချိန်ကို အကျိုး ရှိ ရှိ အသုံးချရတယ် တဲ့
ငါ တစ်သက်လုံး အချိန်ကို အကျိုး ရှိ ရှိ အိပ်ခဲ့တယ်…….
ငါ နာမည် မကြီး သေး ဘူး
၂၀ ကျော် မှာ ငါ့ ကဗျာတွေဟာ အဆက် အစပ် မရှိ ဘူး….
မှိုကို နွားနို့ ပြု ပ်ရည် ထဲ ထည့်ချက် ထား သလို ပဲ….
ပြီးတော့ အခု ငါ… သေချင်နေတယ်…..
ငါဟာ စူဠလိပ် တစ် ကောင်ဆိုတာ
သူ မယုံသေးလို့………..။ ။
Comment #2
အားပေးသွားပါတယ်
Comment #3
ဖတ်သွားပါကြောင်း 🙂
Comment #1
😉