အသေများ နဲ့ ဖာထေးခြင်း ၎
အက်ဆစ်ခွက်ထဲက စိတ္တဇ တရားလို ၀ိဥာဉ် ကိုစားတဲ့ နေ့များ…
အက်ကွဲသံလို… နားစည်ထဲ ရိုက်ခွဲသွားတဲ့ အမိန့်တွေကြား
ရေစီးလို့ ကမ်းပြိုခဲ့ရတဲ့ အသိမှာ
ထိုးစိုက်ခံထားရတဲ့ အသားစလို ရင် ကို
ဒဏ်ရာတွေပဲ ထပ် ဖြည့်လိုက်ပါ
စာရွှက်မြစ်ထဲ
သံချေးတက်ညတွေကိုမှ ရှာစားတတ်တဲ့ ကောင်
ငါက ကဗျာ အတွက် ယစ်ကောင်ပဲ
ဒီကောင့်ဓားကို ကော်ပတ်လာမစားနဲ့
ယုံကြည်ရာနဲ့သာ သေခွင့်ပေးပါ
အလင်းတစ်စထဲ မှောင်နေကြတဲ့လူတွေ ခပ်များများနဲ့
မိတ်ဆွေစစ်ကို အဲ့လောကမှာ ရှာမရခဲ့
လရောင်ကိုပဲ ငတ်မွတ်ခဲ့တဲ့ ကောင်
ခုတော့ ကြေမွလို့ ကွဲရှနေခဲ့ပြီ
ပွင့်ပွင့်လင်းလင်း ခင်းကျင်းထားတဲ့ စားပွဲ
အဆင်မပြေမှုက
သားရဲတွင်းဆန်ဆန် ၀ပ်ကျင်းထဲက ခုန်ထွက်
နားလည်မှုနဲ့ မျော်လင့်ချက် အသက် ငင် သွားတဲ့ နေ့ပဲ
အိမ်နဲ့ ကြေးစည်သံလို ဝေးခဲ့တယ်
ဒီကောင့် မင်ကို လာမ ထစ် နဲ့
မျောချင်ရာမျောတော့မယ့် ဘ၀ထဲ လေနီတွေက အားပဲ
ဖွာ လန် ကျဲ… ပစ်စလတ်ခတ် ရွှက်ကို ဖွင့်လိုက်တယ်
အိမ်ပြေးဆိုတဲ့ စကားလုံးနဲ့ အပြီးမသတ်နိုင်သေးတဲ့ ကဗျာတွေကို လွယ်ထားတယ်
အဆင်ပြေအောင် ပေါင်းနေရတဲ့ ငွေ မုန်းနည်းနည်းပါတယ်
အပေါင်းသင်းမဆံ့ဘူး မိတ်ဆွေမရှိဘူး
လူရာဝင်ချင်စိတ်နဲ့ ကြီးကြီးကျယ်ကျယ်တွေ မပြောဘူး
လောကနဲ့ အဆက်သွယ်ပြတ်ခဲ့တာကြာပြီ
သင်းကွဲနေတဲ့ ဂျစ်ပစီ အသက် ငင်နေ့စွဲ
နားလည်မှုတွေ ဆုံးပါးခဲ့ မျော်လင့်ခြင်းရဲ့ နောက်ဆုံးစက္ကန့်
ပြဿဒါး မိုးနဲ့ စုတ်ပြဲ ခဲ့တဲ့ ၀ိညာဉ် အေးစက်လာတဲ့ လက်ချောင်းများ…
ပြာငမ်းလို့ ဆိပ်တက် ထွက်သက်
ဝါကျများနဲ့ ခရီးထဲ…
သံချေးကိုက်သွားတဲ့ သမိုင်းက ရှေးဟောင်းမြို့ပျက်ကြီးလို
ရှင်သန်မှုဟာ ငါ့ရင်ဘတ်မှာ စိုက်ဝင်နေတဲ့ ကဗျာ
ဒီကောင့် အခေါင်းကို သွေးစက်လက်နဲ့ ပိတ်သွားခဲ့
ညရဲ့ သင်္ချိုင်းထဲ
ချုပ်ရိုး အထပ်ထပ် လရောင်များနဲ့ ဒီ ဈာပနကို ချလိုက်တယ် စုန်းပြူး ( ၂ . ၈ . ၀၁၃)
Comment #3
သိပါ့ရှင် 😀

Comment #5
🙂

Comment #1
ကိုစုန်းပြူး မပေါ်လာတာ ကြာပေါ့
မိုက်တယ် .. ကြိုက်တယ် ဒီကဗျာကို
ညရဲ့ သင်္ချိုင်းထဲ
ချုပ်ရိုး အထပ်ထပ် လရောင်များနဲ့ ဒီ ဈာပနကို ချလိုက်တယ်
အဲဒါ့အမိုက်ဆုံးပဲ ကိုစုန်းပြူးရေ့
အားပေးသွားတယ်နော်