စက္ကူဖြူ သို့ . . .
ဆူးများနဲ့ ရက်ဖောက်ထားတဲ့ နေ့တဓူဝ ထောင်ချောက်ထဲ
ကိုယ်ကလည်း အပူသည် ဝမ်းစာမြစ်ထဲ ကူးခတ်
မျက်ဝန်းနက်နဲ့ မတော်တဆ ဆုံမှတ်မှာ
ဟော့ဒီ… နှလုံးသားအကန်း ကလည်း
ရူးနှမ်းဖူးတယ် စက္ကူဖြူ
အလွမ်းရောင် မိုးသားနဲ့
တိုး တိုး လေး ဆွေးမြေ့အက်ကွဲနေသူများထဲ
ကိုယ်ကလည်း ..
မိုး ကွဲ သဲ အ လေးတစ်စက်ရယ်ပါ
ချူချာလွန်းတဲ့ အိပ်မက်ကလေးကို ပွေ့ဖက်
မီးခိုးကန့်လန့်ကာရဲ့တစ်ဖက်
အရေးကျဲတဲ့ အသက်ကလေးကို အငမ်းမရ ဆာတယ်
(တစ်ခါတစ်ခါ အက္ခရာတွေမဲ့သွားတတ်တာကလွဲရင်)
ကိုယ် လည်း သူငတ်စစ်စစ်ပါပဲကွယ်
ရင် ကို ခဲရာခဲဆစ် ချိတ်ဆက်နေရပြီ စက္ကူဖြူ
သက်တန့်လို မှင်စက်အနမ်းထဲ ကိုယ့် လိပ်ပြာကို ဖျော်ထည့်ပေးပါမယ်
လင်းပွင့်မွှေးပျံ့ တဲ့ ပန်း ကောင်းကင် အရပ်ဆီ ခေါ်သွားပေးပါကွယ်
ခဏလေး ဆိုမှ ခဏလေး ပါပဲ
နောက်ဆုံးတော့လည်း
“ဝိဥာဉ်ရယ် ကဗျာရယ် ဘယ်တော့မှမခွဲကြေး”
စာတစ်ကြောင်းပဲ ကျန်ခဲ့
ဘယ်တော့မှ အမျှမဝေပါနဲ့ကွယ်
စုန်းပြူး
Comment #2
WoW ;;;;;;
အရမ်းမိုက်တယ်
… တစ်ပုဒ်လုံးကို ခိုက်တယ် .. ဒီစာသားလေးကတော့ အမိဆုံးပဲ ကိုစုန်းပြူးရ
နောက်ဆုံးတော့လည်း
“ဝိဥာဉ်ရယ် ကဗျာရယ် ဘယ်တော့မှမခွဲကြေး”
စာတစ်ကြောင်းပဲ ကျန်ခဲ့
ဘယ်တော့မှ အမျှမဝေပါနဲ့ကွယ်
Comment #1
ကြိုက်တယ်
ခိုက်တယ်
ပြီးတော့
ထိတယ်
ငြိတယ်..
🙂