အိတ်ကပ်ထဲကသာယာသောနေ့
မနက်ခင်းတစ်ခုကို ချနင်းခဲ့သူ
ပစ်လွှတ်လိုက်တဲ့မြားတွေမှာ လိပ်စာတပ်မထားဘူး
အသိရေချိန်နည်းနည်းနဲ့ပဲ ချိန်သားကိုက်မယ်
အခုကစလို့..
ရော့..ခင်ဗျားလဲယူ၊ ကျွန်တော်လဲယူမယ်
၂၄ နာရီစီပေါ့
ကိုယ်ပစ်လိုက်တဲ့ မြားပြန်လှည့်လာချိန်ထိ
ကိုယ့်လူရေ..အေးအေးဆေးဆေးပဲ စောင့်ကြတာပေါ့
ရာသီဥတုက သာယာပါတယ် ။ ။
ဆိုက်ပရပ်စ်လင်း ၂၀၁၃
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟုတ် နှစ်ဆယ့်လေးနာရီ ….