ညိုးရက်နိုင်လွန်း
ညိုးရက်နိုင်လွန်း
ဟိုတောင်ညို
သည်တောင်ညို
တောင်ညိုညိုမှာ
ပြိုတဲ့မိုးရယ်
ညိုးရက်နိုင်လွန်း…………။
How it too strong
The brown coloured moutains
Here and there,
O, Rain,
Rain fall down
At the mountains with coloured brown
How it too strong.
(John Moe Eain)
( ကျောင်းသားဘ၀တုန်းက..The Best English, September2002 မှာ ပါခဲ့ဖူးတဲ့ ကဗျာလေးပါ…..
ဒီကဗျာလေးကို ဖတ်တိုင်း ဇာတိမြေက တောင်ပြာတန်းကြီးတွေမှာ မိုးတွေ မှိုင်းညို့ ရီဝေနေပုံကို
အမြဲ ပြန်မြင်ယောင်နေမိတယ်….. အချိန်တွေ ကြာ.. ကာလတွေရွှေ့ … ခေတ်တွေ စနစ်တွေ … ပြောင်းပြောင်း…. လာတဲ့အခါ… တောင်တန်းကြီးတွေလည်း… ပြောင်းလဲလာဦးမှာပါ…
တစ်ခါ တုန်းကတော့ တောင်တန်းကြီးတွေကို ထာဝရ တည်ဦးမယ် ထင်ခဲ့တယ်…
ခုတော့ လူတွေဟာ… တည်မြဲမှုတွေ အားလုံးကို ပြောင်းလဲနိုင်တယ်ဆိုတာ… ယုံကြည်မိလိုက်တယ်…
ဘာပဲဖြစ်ဖြစ်…. ငယ်နုစဉ်က အတွေးတွေက ပိုရိုးသားပါတယ်….. တကယ်တော့ အဲ့ဒီတုန်းက ကျွန်တော် The Best မှာ မဖော်ပြဖြစ်ခဲ့တာက ဒီကဗျာလေးကို ကာတွန်းစာအုပ် တစ်အုပ်ကနေ မွေးဖွားခဲ့တယ်ဆိုတာပဲ…။ အင်း.. စာအုပ်နာမည်ကတောင် ဝေေ၀၀ါးဝါး ဖြစ်သွားပြီ။ ဘာကိုမှ မတိုက်ဆိုင်ပေမယ့် တောင်ပြာတွေမှာ မိုးတွေညိုရင် ဒီကဗျာလေးကို ကျွန်တော် အမြဲရွတ်တယ်လေ… )