နားခိုရာ
နားခိုရာ
မင့်း မျက်နှာပြင်ကို
ဘာမှ ထပ်မဖို့ပါနဲ့တော့
မာယာတွေ မှုန်ခြယ်ထားတဲ့
အသွင်အပြင်တွေမှာ
ငါ နစ်မွန်းခဲ့ပြီပဲ။ ။
ဘဝနဲ့အချစ်ကို ရွေးချယ်ရာမှာ
မင်း သိပ်ထူးချွန်လွန်းခဲ့တယ်။ ။
အခုတော့ ငါ့ရင်ခွင်ကို
မင်းလေ့ကျင့်ခဲ့တဲ့
ကွင်းပြင်လို သတ်မှတ်
မိုးမြင့်ထက်ကို ပျံပေအုံးတော့
ငါ နှုတ်ဆက်ခဲ့ပါတယ်။ ။
အတောင်ညောင်းတော့လည်း
ပြန်ခဲ့အုံးပေါ့…..
မြေပြင်ဆိုတာ ခေတ္တနားခိုရာမို့
တစ်ခါတစ်ခါ …..
အထီးကျန်ဆန်တာ မင်းနားလည်နိုင်ပါစေ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service